17

8.5K 774 51
                                    

[Zawgyi]

ရင်ခွင်ထဲကနေပြီး မျက်ဝန်းပြာပြာလေးတွေနှင့် မော့ကြည့်လာသည့် လူသားလေးကြောင့် ရှင်းသော်ခရဲ့ရင်တွေက အဆမတန် ခုန်လှုပ်နေသည်။ ရင်ခွင်ထဲကလူသားလေးမှာ ရွှေညိုရောင်ဂုတ်ထောက်ဆံပင်ရှည်လေးတွေ ရှိနေတာကလွဲလို့ တကယ့်ကိုမှ Reyဆက်လျှံအစစ်။

" ရူးရပါပြီရော အသက်ရယ် "

ရှင်းသော်ခနှုတ်ဖျားကနေ ဒီနာမ်စားထွက်လာတယ်ဆိုတာ သိပ်ကိုမယုံနိုင်စရာပဲရယ်။ ပင်လယ်ပြာမျက်ဝန်းလေးက ရှင်းသော်ခကို ရီဝေဝေငေးကြည့်လာသည်။

" ဟင် ~ "

" ပြောပါဦး ... မောင့်ကိုချစ်လား "

နဖူးပေါ်ဝဲကျနေတဲ့ ရွှေညိုရောင်ဆံနွယ်လေးတွေကို သပ်တင်ပေးရင်းမေးတော့ မျက်ဝန်းပြာလေးက သွားစွယ်ချွန်ချွန်လေးတွေ ပေါ်လာသည်အထိပြုံးသည်။

ရုတ်တရက်ပဲ။ ရှင်းသော်ခရဲ့ မျက်စိရှေ့က မြင်ကွင်းလေးက ပြောင်းလဲသွားသည်။

ထောင့်လေးတစ်ခုမှာ ကပ်ထိုင်နေသည့် Reyဆက်လျှံက တကယ့်ကိုမှ ခပ်ပုံ့ပုံ့ကလေးရယ်။ ငွေမင်ရောင်ဝတ်ရုံလေးနဲ့ Reyဆက်လျှံနားကို တိုးကပ်သွားမိသည့် ရှင်းသော်ခရဲ့ ခြေလှမ်းတွေက မယုံနိုင်စရာ။

" စစ် ~ "

ဒီနာမ်စား ... ရှင်းသော်ခရဲ့ခြေလှမ်းတွေက တုံ့ခနဲဖြစ်သွားပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ မျက်ဝန်းပြာလေးနားကို ဆက်ပြီးတိုးကပ်မိသွားသည်။

မချင့်မရဲထွေးဖက်မိတော့ ကိုယ်လုံးသေးသေးလေးရဲ့ အေးစက်စက်အငွေ့အသက်ကို ခံစားလိုက်ရပြီး လက်ချောင်းအေးအေးလေးတွေက ရှင်းသော်ခရဲ့ နှုတ်ခမ်းသားအောက်ကို ထိတွေ့လာသည်။

" မှဲ့သေးသေးလေး "

" ဘယ်လို "

" Rey က သဘောကျတယ် "

" အချစ်ရယ် "

ရှင်းသော်ခနှုတ်ဖျားကနေ ထွက်လာသည့်နာမ်စားနဲ့ စကားတို့က သိပ်ကိုသိပ်ကို မယုံနိုင်စရာကောင်းလှသည်။ မှဲ့သေးသေးလေးဆိုသည့်စကားကြောင့် ရှင်းသော်ခနှုတ်ခမ်းအောက်မှာ မှဲ့သေးသေးလေး တကယ်ရှိလားမရှိလားဆိုတာလည်း သတိမရတော့ပေ။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now