29

9.8K 696 28
                                    

[Zawgyi]

အပြင်ဘက်မှာ မိုးကရွာသွန်းနေဆဲ။ လေကလည်းထန်နေတာမလို့ သစ်ကိုင်းတွေရဲ့လှုပ်ခတ်သံကျယ်ကျယ်နှင့် မိုးသံတွေက ညပိုင်းအချိန်မှာ ထွက်ပေါ်နေသည်။

မျက်ဝန်းပြာပြာမှာ မျက်ရည်စတွေနဲ့ Reyဆက်လျှံလေးက ရှင်းသော်ခကို ခပ်ငေးငေးကြည့်သည်။ မငိုတော့ပေမယ့် မခြောက်သေးသည့် မျက်ဝန်းအောက်က မျက်ရည်စတွေကို ရှင်းသော်ခလက်မနှင့် ဖိသုတ်ပေးလိုက်တော့ အင့်ခနဲ တစ်ချက်ရှိုက်သည်။

" တစ်ခါလေးမူးတာ ရယ်လိုက်ငိုလိုက်နဲ့ပါလား ခင်ဗျားရယ် ... ပြောပါဦး ... ကျွန်တော့် Rey လေးက ဘာတွေများဖြစ်နေတာလဲ "

မော့ကြည့်နေသည့် မျက်ဝန်းပြာလေးကို ရင်ခွင်ထဲပွေ့ပိုက်ထားလိုက်ရင်း ငုံ့ကြည့်ကာ အမေးစကားဆိုတော့ ဘာမှပြန်မဖြေပဲ ရှင်းသော်ခရင်ခွင်ထဲကိုသာ အတင်းတိုးဝင်သည်။

" အိပ်တော့မလို့လား ကျွန်တော့်အသည်း "

ရင်ခွင်ထဲကခေါင်းလုံးလေးကို ခပ်ဖြည်းဖြည်းပွတ်သပ်ပေးရင်း အမေးစကားဆိုတော့ ခေါင်းလေးရမ်းရှာသည်။ မကြာခင်ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးလေးလို Reyဆက်လျှံက ရှင်းသော်ခကို လွတ်ထွက်သွားတော့မလိုမျိုး ခါးတွေကို အတင်းဖက်တွယ်လာသည်။

" မေးတော့လည်း မဖြေဘူးဗျာ ... ကျွန်တော်စိတ်မကောင်းအောင် "

" ကိုယ့်ကိုစိတ်ကုန် . သွားမှာလား . အင့် ~ ဟင် "

" အဟက် ~ "

စကားတောင်ဆုံးအောင်မပြောနိုင်ခင် ရှိုက်သံလေးက ထွက်လာပြန်တာကြောင့် မအောင့်အီနိုင်စွာရယ်မိတော့ ခေါင်းလုံးလေးက ရင်ခွင်ထဲကနေ တိုးထွက်ပြန်ပြီး ရှင်းသော်ခကို မော့ကြည့်ပြန်သည်။

ကြည့်ပါဦး ~ မျက်ဝန်းပြာလေးမှာ မျက်ရည်စလေးတွေ ဝေ့သီနေပြန်ပါပြီတဲ့လေ။

ဂလက်စီက ကျယ်ပြောလွန်းပါတယ်လို့ ဘယ်သူကဆိုခဲ့ပါသလဲ။ ဒီအဆိုဟာ Reyဆက်လျှံလေးရဲ့ မျက်ဝန်းပြာလေးတွေကို မမြင်ဖူးသေးလို့ ဖြစ်ပါလိမ့်မယ်။

ရှင်းသော်ခကတော့ ဒီကျယ်ပြောလှတဲ့ ဂလက်စီပြာပြာမှာ ပြန်လမ်းမရှိလမ်းပျောက်ပြီး စုံးစုံးမြုပ်ခဲ့ရများ။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now