06

9.7K 856 56
                                    

[Zawgyi]

" ပြင်ဦးလွင်မှာမြေဝယ်ရင် သေချာလေ့လာပြီးမှ ဝယ်သင့်တယ်တဲ့ မောင် ... ဒီကိုမလာခင်ညက ကိုယ်နည်းနည်းပါးပါး ဒီကမြေကွက်တွေအကြောင်း စုံစမ်းထားသေးတယ် "

" အင်း ... နည်းနည်းပိုက်ဆံရှိတဲ့အကောင်ကြီးတွေက တွေ့ကရာမြေကို လက်ညှိုးထိုးပြီး အကွက်ရိုက်ဈေးပေါပေါနဲ့ ရောင်းစားနေတော့ အ တဲ့သူဆို ခံရမှာပေါ့ "

" အ တယ်ရယ်လို့လဲ ဘယ်ဟုတ်မလဲ မောင်ရဲ့ ... ဈေးပေါပေါကို ဝယ်တယ်ဆိုမှပေါ့ ရှိတာလေးခြစ်ကုတ်စုထားတဲ့ မိသားစုလေးတွေပဲနေမှာနော် မောင် ... ကျိကျိတက်ချမ်းသာနေတဲ့ သူတွေကတော့ ဒါတွေမသိရလောက်အောင် တုံးအပြီးမဝယ်လောက်ဘူး "

" အဲ့လိုတွေကြောင့် အခုအစိုးရက ပြန်သိမ်းတော့ ဝယ်ထားတဲ့လူတွေ နစ်နာရတာပေါ့ "

" သနားပါတယ် မောင်ရယ် ~ "

ဖွင့်ထားသည့် ကားပြတင်းပေါက်ပေါ်ကို Rey က မေးတင်ကာ ရေရွတ်သလိုလေး ပြောလိုက်သည်။ အခု Rey တို့က အပန်းဖြေစခန်း ပရောဂျက်အတွက် မြေနေရာလိုက်ကြည့်ကြဖို့ ပွဲစားနဲ့ ချိန်းထားသည့် နေရာကို သွားနေတာဖြစ်သည်။ ပြင်ဦးလွင်ကို အလုပ်ကိစ္စကလွဲလို့ ငယ်ငယ်ကအလည်သတ်သတ်သာ ရောက်ဖူးတာကြောင့် Rey က လမ်းမကျွမ်းကျင်တာမလို့ ရှင်းက ကားမောင်းပေးရသည်။

" ဂရုစိုက်မောင်းနော် မောင် ... လမ်းပေါ်ဓာတ်ပုံတက်ရိုက်နေတဲ့လူတွေက ကားရောဘာရော နားမလည်ဘူး ... ရှောင်ရကောင်းမှန်းလည်း မသိဘူး "

" ကိုယ့်အသက်ကိုယ် မနှမြောရင် မရှောင်ကြနဲ့ပေါ့ ... ဟွန်းတီးလည်း လူလိုနားမလည်ဘူး ... အကုန်တိုက်မိမှ တိုက်တဲ့ကားက အပြစ်ဖြစ်ဦးမယ် ... ဟိုင်းဝေးလမ်းဆိုမှတော့ ကားတွေက သူ့အရှိန်နဲ့သူ မောင်းမှာပဲ "

မြို့ရှောင်လမ်းတစ်လျှောက် ရံဖန်ရံခါ ဖြတ်သွားတတ်သည့် ကုန်တင်ကားကြီးတွေနှင့် ခရီးသွားယာဉ်တွေကလွဲရင် အသွားအလာနည်းတာကြောင့် လမ်းကရှင်းနေသည်။ သို့ပေမယ့် လမ်းမပေါ်တက်ပြီး ဓာတ်ပုံရိုက်ကြသည့် လူတွေကြောင့် Rey က ရှင်းကို ဂရုစိုက်ဖို့ ဘေးကနေ သတိပေးနေရသည်။ ရှင်းကတော့ ကန့်လန့်တွေချည်းတိုက်ကာ မောင်းနေသည့်ကားကို အရှိန်မလျော့ပဲ ကားလမ်းမအလယ် လူရှိနေသည့်အခါ ဟွန်းကိုသာ ခပ်ပြင်းပြင်းတီးသည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now