19

9K 813 61
                                    

[Zawgyi]

ညစာစားပြီးကြတော့ Reyဆက်လျှံက လုပ်စရာရှိသည့် အလုပ်များကိုမလုပ်ပါပဲ ဧည့်ခန်းထဲမှာ တီဗီထိုင်ကြည့်နေသည်။ နိုင်ငံခြားသတင်းတစ်ပုဒ်ဖြစ်တာကြောင့် အာရုံစိုက်နားထောင်နေပုံရသည့် Reyဆက်လျှံက အနားကို ရှင်းသော်ခရောက်လာတာ သတိမထားမိပဲ တီဗီကိုသာစူးစိုက်ကြည့်နေသည်။

" မေးစရာရှိတယ် "

" ဟင် "

တီဗီကြည့်နေရာကနေ ရှင်းဘက်ကို ဆတ်ခနဲခေါင်းလှည့်လာတာကြောင့် အနည်းငယ်အံ့သြသွားရသည်။ တီဗီကိုအာရုံရောက်နေတာတောင် ဘေးနားက ရှင်းသော်ခအသံကိုလည်း အာရုံထားနိုင်သေးသည်လား။

" မေးလေ မောင် "

ဘာမှမပြောဖြစ်သေးပဲ ချည်သားလက်ရှည်ဝမ်းဆက်လေး ဝတ်ထားသည့် Reyဆက်လျှံကို ရှင်းသော်ခစိုက်ကြည့်လိုက်သည်။ ညနေကတည်းက မေးချင်နေသည့်မေးခွန်းတွေက ရှင်းရဲ့ခေါင်းထဲမှာ အပြည့်အသိပ်နှင့် စီတန်းနေသည်။

" ညနေက ခြံနောက်ဘက်ကိုရောက်ဖြစ်တယ် "

" ဟင် ဘယ်ဘက်လဲ မောင် ~ သစ်ခြံလမ်းဘက်လား "

" အင်း အဲ့နေရာရော ... ပြီးတော့အနောက်ဘက်ရော "

ရှင်းစကားကြောင့် ဆိုဖာပေါ်မှာ မှီတွဲထိုင်နေရာကနေ Rey ရဲ့ကျောလေးက မတ်သွားရသည်။ အနောက်ဘက်ရောဆိုတော့ ထင်းရှူးတောဘက်ရော ...

" ထင်းရှူးပင်တန်းတွေဘက်လား မောင် ... အပင်တန်းတွေကြားရောက်ဖြစ်သေးတာလား "

" အင်း "

တစ်ခွန်းသာပြောပြီး စိုက်ကြည့်နေသည့်ရှင်းကြောင့် Rey လက်တွေကို အချင်းချင်းဆုပ်နယ်နေမိသည်။ ထင်းရှူးပင်တန်းတွေကြားထဲသာရောက်ခဲ့ရင် သေချာပေါက်ကို သရက်ပင်အောက်က အထိမ်းအမှတ်ကျောက်တိုင်လေးကို ရှင်းတွေ့ခဲ့မှာ။

" မောင် မေးစရာရှိတာက "

" သရက်ပင်အောက်က ... "

" ဟုတ် မောင် "

ဆက်မပြောပဲရပ်သွားသည့် ရှင်းကြောင့် စိတ်လှုပ်ရှားနေတာကိုဖုံးကွယ်ရင်း Rey က စကားထောက်ပေးလိုက်သည်။ ရင်တွေလည်းခုန်နေလွန်းလို့ ရှင်းရှေ့မှာ အသက်ရှူတွေမြန်မလာအောင် မနည်းထိန်းနေရသည်။

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now