14

8.1K 740 40
                                    

[Zawgyi]

ကောက်ညှင်းပေါင်းပူပူနှင့် ကော်ဖီပူပူကို တည်ခင်းထားသည့် မနက်စာဝိုင်းက ရှင်းသော်ခအကြိုက်ပင်ဖြစ်သည်။ ထိုင်နေကျနေရာမှာ ဝင်ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်မှာ ကော်ဖီသောက်နေသည့်လူကို မသိမသာလှမ်းကြည့်လိုက်သည်။ ပုံမှန်ဆို ရှင်းဘက်က စကားမပြောလည်း သူ့ဘက်ကစလို့ စကားတွေရွှန်းရွှန်းဝေအောင် ပြောတတ်သည့်လူက ယခုတော့ ရှင်းသော်ခရောက်လာကတည်းက မျက်လွှာချထားပြီး တိတ်ဆိတ်နေသည်။

" သား ... ဒေါ်ကြီး ကော်ဖီထည့်ပေးမယ်နော် "

" ဟင် ~ အာ ဟုတ်ဟုတ် ဒေါ်ကြီး "

Reyဆက်လျှံကို စိုက်ကြည့်နေမိတုန်း ဘေးကဒေါ်ကြီးအသံကိုကြားမှသာ ရှင်းအသိဝင်လာရသည်။ မနေ့က ပြဿနာဖြစ်ပြီးကတည်းက ငြိမ်သက်နေသည့်ထိုလူက ယခုထိတိုင် စကားလည်းမစ မျက်မှာချင်းဆိုင်ခြင်းလည်းမရှိပဲ ငြိမ်သက်နေဆဲပင်ဖြစ်သည်။

" Rey ... သားငယ် ~ ကောက်ညှင်းပေါင်းတွေ အများကြီးမစားရဘူးနော် ... ရင်ပြည့်မယ် "

" ဟုတ်ကဲ့ ဒေါ်ကြီး "

ဒေါ်ကြီးဘက်က စကားစမှသာ ထိုလူ့အသံတိုးတိုးကို ရှင်းကြားရတော့သည်။

" မောင် ... "

" အင်း "

ရှေ့တည့်တည့်က ခေါ်သံတိုးတိုးကိုကြားပေမယ့် ရှင်းမော့မကြည့်ပဲ ကော်ဖီသောက်လက်စနှင့် အသံကြားရရုံသာ ပြန်ထူးလိုက်သည်။

" ကိုယ်ရန်ကုန်ကို ခဏပြန်ရမယ် "

ကော်ဖီသောက်နေရင်းနှင့် ရှင်းမျက်လုံးလှန်ကြည့်လိုက်သည်။ အကြောင်းအရင်းက ဘာလဲဆိုသည့်သဘောနှင့် အသံတိတ်မေးခွန်းကို နားလည်ပုံရသည့်လူက ဆက်ပေလာသည်။

" ပရောဂျက်အတွက် အရေးကြီးအစည်းအဝေးရှိတယ် မောင် ... စာရွက်စာတမ်းတွေနဲ့ လိုအပ်တာတွေပြင်ဆင်ဖို့ ကိုယ်ပြန်ရလိမ့်မယ် "

" အင်း " 

ကော်ဖီခွက်ကို စားပွဲပေါ်ချပြီးသည့်တိုင်း Reyဆက်လျှံကို ရှင်းမော့မကြည့်ဖြစ်သေးပေ။

" မောင်က ဒီမှာတစ်ယောက်တည်း ကြီးကြပ်ပေးဖို့ အဆင်ပြေတယ်မလား "

𝑴𝒚 𝑹𝒆𝒚 [Completed]Where stories live. Discover now