"မင်းကအချိန်ကိုလေးစားမှု မရှိဘူးဘဲ မင်းကိုစောင့်နေတာ ငါ့အချိန်တွေဘယ်လောက်တောင်ကုန်သွားပြီထင်လည်း"

"ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်လမ်းမှားသွားလို့ပါ"

"အကြောင်းပြချက်ကတော့ ကျောင်းတက်တဲ့ပထမဆုံးနေ့မှာတင်စပေးပြီ မင်းတို့က ပညာသင်ဆုနဲ့ဒီကျောင်းကိုဝင်လာတယ်ဆိုတာ ခေါင်းထဲမှာမှတ်ထားအုန်း"

"ဟုတ်ကဲ့"

မောက်မောက်မာမာပြောဆိုပြီးထွက်သွားတဲ့ သူမရဲ့နောက်ကျောပြင်ကိုကြည့်ပြီး တွေးမိလိုက်တာက ငွေရှိရင် အဆင်ပြေမယ်ဆိုတာပဲ။
ယခုလို လူချမ်းသာတွေကြီးတက်တဲ့ကျောင်းမှာ ဘယ်လိုဘဲကိုယ်ပိုင်အရည်အချင်း၊ ကိုယ်ပိုင်ဉာဏ်နှင့် ဒီကျောင်းကို ဝင်လာပါစေအုန်း ပိုက်ဆံမှမရှိတာ အခုလိုအနှိမ်ခံရမှာပဲ။
တွေးနေတာကိုရပ်ပြီး သူတို့သုံးယောက် ကျောင်းအုပ်ဆရာမကြီးနောက်ကိုလိုက်လာခဲ့သည်။
ကျောင်းအုပ်က သူတို့သုံးသောက်ကို ဟောင်ရွတ်အဆောင်ကို ခေါ်လာခဲ့သည်။
အဲ့အဆောင်က ၅ထပ်ရှိပြီး အထက်တန်းနောက်ဆုံးနှစ်တွေရဲ့အတန်းက ၅ထပ်မြှောက်မှာဖြစ်သည်။
သူတို့သုံးယောက်က ပညာသင်ဆုနဲ့အောင်မြင်ခဲ့သူတွေမလို့ သေချာပေါက် ပထမဆုံးအတန်းမှာ သင်​ကြားရမှာပင်ဖြစ်သည်။

" ရွယ်ကျင်း သူတို့သုံးယောက်က ပညာသင်ဆုရတဲ့သူတွေ နေရာချပေးလိုက်"

"ဟုတ်ကဲ့ပါရှင့် ကျွန်မနေရာချပေးလိုက်ပါ့မယ် ကျောင်းအုပ်"

"ကောင်းပြီ"

"ကလေးတို့သုံးယောက် ဆရာမကိုနာမည်မိတ်ဆက်ပေးပါအုန်း"

"ကျွန်တော့်နာမည်က မုချင်ပါ"

"ကျွန်မနာမည်က ချူလင်းပါ"

"ကျွန်တော့်နာမည်က ရှောင်းကျန့်ပါ"

"ဟုတ်ပြီ ကလေးတို့သုံးယောက်ထိုင်ရမယ့်နေရာတွေမှာ နာမည်ရှိတယ်ရှာပြီး ထိုင်လိုက်နော် ခဏနေ ဆရာမစာသင်တော့မှာ"

"ဟုတ်ကဲ့!!!''

ရှောင်းကျန့်လည်း ကိုယ့်နေရာရှာဖို့ စားပွဲခုံတွေကိုလိုက်ကြည့်ရင်း သူ့နာမည်နှင့်စားပွဲခုံတွေ့တော့ ဝင်ထိုင်လိုက်သည်။
နှစ်ယောက်တစ်ခုံထိုင်ရတာကြောင့် ဘေးကဘယ်သူလည်းဆိုပြီးကြည့်လိုက်တော့ ရှောင်းကျန့် ဆွံအသွားသည်။

SECRET ( Completed)Where stories live. Discover now