"ကျွန်တော် အားမွေးထားပါ့မယ် ''

ကျင်းကွမ်းရှန်းက ရည်မွန်တဲ့ပုံပေါ်ပြီး သဘောထားလည်းကောင်းသည်။
ပိန်ပိန်ပါပါး၊အရပ်ရှည်ရှည်၊အသားဖွေးဖွေးနှင့်ရီလိုက်တိုင်း သွားတက်ကလေးပေါ်လာတော့ ရုပ်ရည်ချောမောမှုကလုံးဝကိုပြည့်စုံသွားသည်။
ရှောင်းကျန့်နှင့် ကျင်းကွမ်းရှန်း လမ်းလျှောက်ရင်းစကားပြောလာကြတာ ငါးမိနစ်လောက်နေတော့ ကျောင်းအုပ်ကြီး ရုံးခန်းရှိတဲ့အဆောင်အောက်ကို ရောက်လာသည်။

" ရှောင်းကျန့် ကျောင်းအုပ်ကြီးရုံးခန်းက အပေါ်ဆုံးထပ်မှာ အပေါ်ဆုံးထပ်ကိုရောက်ရင် ညာဘက်ချိုးလိုက် ရုံးစာရေးမတွေရှိတယ်။သူတို့ကိုအကျိုးအကြောင်းပြောပြလိုက် သူတို့ကျောင်းအုပ်ကြီးကိုသွားပြောပေးလိမ့်မယ်"

" ကျေးဇူးတင်ပါတယ် ကွမ်းရှန်း"

"ရပါတယ်ကွာ နောက်မှတွေ့မယ် ရှောင်းကျန့် ငါသွားပြီ"

ရှောင်းကျန့် ကွမ်းရှန်းကိုနှုတ်ဆက်ပြီးတာနဲ့ အဆောင်ထဲဝင်လာကာ လှေကားအတိုင်းအပေါ်ဆုံးထပ်ကိုတက်လာခဲ့သည်။
အပေါ်ဆုံးထပ်လည်းရောက်ရော ကွမ်းရှန်းပြောတဲ့အတိုင်း ညာဘက်ကိုသွားလိုက်သည်။
နည်းနည်းလောက်သွားပြီး ရုံးခန်းလို့ရေးထားတဲ့ စာတိုလေးတွေ့တာကြောင့် အဲ့အခန်းထဲဝင်လာခဲ့သည်။
အခန်းထဲရောက်တော့ ထိုင်နေတဲ့အမျိုးသမီးတစ်ဦးထဲတွေ့တာကြောင့် သူမရှိကိုသွားလိုက်သည်။

"ဟို ကျွန်တော် ကျောင်းအုပ်ကြီးနဲ့တွေ့ချင်လို့ပါ"

"အော် ပညာသင်ဆုရတဲ့ကောင်လေးလား အခန်းထဲဝင်သွားလိုက် မင်းကို ကျောင်းအုပ်ကြီးက စောင့်နေတာ"

"ဟုတ်ကဲ့ "

ရှောင်းကျန့်ထဲ အခန်းထဲဝင်သွားတော့ အခန်းမှာတွေ့လိုက်ရတာက မတ်တပ်ရပ်နေတဲ့ ပညာသင်ဆုရတဲ့​ကောင်လေးနှင့်ကောင်မလေးရယ်၊ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ကျောင်းအုပ်ကြီးရယ်ကို တွေ့လ်ိုက်ရသည်။
ရှောင်းကျန့်ဝင်လာတာမြင်တော့ မျက်နှာထားတင်းတင်းနဲ့ထိုင်နေတဲ့ကျောင်းအုပ်ကြီး မတ်တပ်ထရပ်လိုက်ပြီး ရှောင်းကျန့်ရှေ့ကိုရောက်လာသည်။

SECRET ( Completed)Where stories live. Discover now