(47)

1.3K 136 4
                                    

လူကြီးတွေပြောတာမှန်တယ်၊ နောင်တဆိုတာ နောင်မှ ' တ ' တာမျိုး။ Horror movie တွေထဲမှာ အသံကြားလို့ hello ဆိုပြီးသွားတဲ့လူတိုင်းသေတာတို့ ၊ k drama တွေထဲမှာအရေးကြီးတဲ့ပွဲတွေမှာ ပြန်ပေးဆွဲခံရတာ တို့ကိုသိရဲ့သားနဲ့ သတိလွတ်သွားတယ်။အဲ့ဒါနဲ့ပဲ သူ့မျက်စိရှေ့က အငွေ့တစ်ထောင်းထောင်းနဲ့ ဟင်းပွဲတွေကိုတော့ အကြည့်မလွှဲနိုင်ဘူး။

သူသတိရလာတော့ ခပ်ချေချေမျက်နှာထားနဲ့ အမျိုးသမီးတစ်ယောက်က သူသတိမေ့နေတာ ၃ ရက်ရှိပြီးအခုသူက မင်နိုင်ငံ ရဲ့နန်းတော်ထဲရောက်နေကြောင်းပြောတော့ သူ့မှာရှိသမျှအမွှေးတွေအကုန်ထောင်သွားတယ်။ပိုင်လျန်က ဘာဇာတ်ခင်းချင်နေတာလဲ။ ဝမ်ချောင် နာမည်ကိုသုံးထားတယ်ဆိုတော့ သူလဲရှန့်ရှန့်လို rebirth လား။rebirth ဆိုလည်းဘာလို့သူ့ကို မင်နိုင်ငံဖက် ဖမ်းလာတာလဲ။ဖမ်းလာပြီး အချုပ်ခန်းထဲထည့် နှိပ်စက်တာလဲမလုပ်။ဒီလိုအကောင်းစား အခန်းထဲမှာ၊ စားပွဲအပြည့်ဟင်းတွေနဲ့. . . . . . . အဆိပ်လား။ဟင်းခွက်တွေထဲမှာ အဆိပ်ခပ်ထားတာလား။

အား !!!!!! ငါလေးကိုခေါင်းစားအောင်သိပ်လုပ်တာပဲ။ကြည့်ထားတဲ့ Drama တွေကို recall လုပ်ပြီးစဉ်းစားတာတောင် ပိုင်လျန်ဘာဖြစ်ချင်နေတာလဲဆိုတာထွက်မလာဘူး။တော်ပြီ ခေါင်းမစားတော့ဘူး၊ထမင်းပဲစားတော့မယ်။ အဆိပ်ခပ်ထားတယ်ဆိုတာမသေချာပဲနဲ့ အငတ်နေရအောင် သူစိတ်မခိုင်ဘူး။သူအစာမစားလည်းအဆိပ်ခပ်ချင်ရင် နည်းပေါင်းစုံရှိတာပဲ။ထမင်းမစားလို့ မြက်နှုတ်စားရအောင်လည်း အခန်းထဲကထွက်လို့မရဆိုတော့ မထူးတော့ပါဘူး။

စားနေရင်း၊သောက်နေရင်း တံခါးဖွင့်သံကြားလို့ကြည့်လိုက်တော့ ပိုင်လျန်။ထင်တော့ထင်သား လာတော့လည်းစားနေတဲ့အချိန်မှ။

" စားရတာ အဆင်ပြေပါရဲ့လား လန်လေး "

အမယ် လူကိုများလန်လေးတဲ့။မသိခြင်ထောင် ထောင်ကာထမင်းသာငုံ့စားနေတော့ ရယ်သံလေးလွင့်လာတယ်။

" လန်သခင်လေးက တကယ့်ကလေးစိတ်ပဲ ရှန့် စိတ်ဝင်စားတာလည်းမဆန်းပါဘူး။ "

' ရှန့် ? ' . . . . .အခု. . သူများယောက်ျားကို. . . .

တူကိုဆောင့်ချပြီး အကြည့်ချင်ဆုံလိုက်တော့ ပြုံးယောင်သန်းနေတဲ့ ပိုင်လျန်ရဲ့မျက်နှာနဲ့ ကလေးတစ်ယောက်ကို ကြည့်သလိုကြည့်နေတဲ့ မျက်ဝန်း. . . . ဘာလား။သိချင်တာရှိနေလို့ မအောင့်နိုင်ပဲမေးလိုက်တော့သည်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now