(26)

1.6K 158 3
                                    

မကောင်းဘူး၊ မကောင်းဘူး အိမ်မက်တွေမကောင်းဘူး။ကိုယ်လုံးလေးကို စောင်းပြီးမျက်လုံးလေးမပွင့်တပွင့် နဲ့ကြည့်လိုက်တော့ . . . . . . ကုတင်ထောင့်မှာထိုင်နေတဲ့ရှန့်ရှန့် (အခုမှ ရှန့်နေ 😒😒)

" နိုးလာပြီလားဝမ်ရိပေါ်။ "

ငါမနိုးသေးဘူးပဲ ပြန်အိပ် ပြန်အိပ်။

မျက်လုံးလေးပိတ်ကာကျောပေးသွားသော ကြင်ယာတော်လေးကြောင့် သက်ပြင်းချမိသည်။

" ကိုယ်တို့ပြောစရာရှိတယ် မထင်ဘူးလား။ "

ကုတင်ပေါ်ကမထချင်ထချင်ဖြင့်ထကာ ခေါင်းလေးငုံ့ရင်း အသံသေးသေးလေးဖြင့်

" အဲ့ဒိ့နာမည်ကို ဘယ်လိုသိတာလဲ။ "

" အဲ့ဒါမတိုင်ခင် မနေ့ညက အကြောင်းလေးပြောကြတာပေါ့။ငယ်လေးက ကိုယ့်ကိုပစ်ပြီး လန်ရူရှင်းနောက်လိုက်. . . "

" မလိုက်ပါဘူး !! ။ဒီအတိုင်း ရတနာထုပ်သွားပေးပြီးပြန်လွှတ်မလို့ ။ "

" တကယ်လား။ "

" တကယ် တကယ်။ "

ခေါင်းပြုတ်မတက်ငြိမ့်နေသော ကြင်ယာတော်ကိုကြည့်ရင်း ပြုံးမိတယ်။အဲ့လိုဆိုတော့ သူ့ကိုထားသွားဖို့ အစီအစဉ်မရှိပုံပဲ။ဒါဆို တစ်ဆင့်ထပ်တိုးကြတာပေါ့။

" ဝမ်ရိပေါ်ဆိုတဲ့ နာမည်ကတော့ ဟိုတစ်နေ့က အရက်မူးပြီး @#$%**%$@-=*&$ (ဟုတ်ကဲ့ ပြန်ရေးရမှာပျင်းလို့ပါ 😶😶) "

အခုဆိုရင် အရက်သောက်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ရိုက်သက်ရမလား ၊ တစ်ခွက်နဲ့မှောက်တဲ့ ခန္ဓာကိုယ်ကိုပဲ ထိုင်ဆဲရမလား လမ်းပျောက်နေပြီ။ လူကြီးသူမ တွေပြောတာမှန်တယ် အရက်သေစာ ဆိုတာ မသောက်စားကောင်းဖူးတဲ့။ အခုမှတော့အပိုပါပဲ နောက်မှ များများသောက်နိုင်အောင် train ရမယ်။(ရှောင်ရမှာမဟုတ်ဘူးလား 🧐🧐) ရူးကြောင်ကြောင်နဲ့ မုန်လာဥလုပ်လိုက်ရင်ကောင်းမလား။ (အေးအဲ့ဒါမှ ယုန်စာဖြစ်သွားမှာ 😏😏)ဒါပေမဲ့ ခုနက ဝန်ခံတဲ့ reaction လုပ်ပြီးပြီးဆိုတော့. . . . . ဟင်း-. . . . . လာမဲ့ဘေးပြေးတွေ့တာပဲကောင်းပေမဲ့လည်း. . . ရှောင်လို့ရရင်ရှောင်ကြတာပေါ့ . . . . ဝမ်ရိပေါ် Fighting။

Being in  novel is not easy 🤧[Completed]Where stories live. Discover now