(19)

1.6K 164 0
                                    

ရီလင်ဝမ်က သူ့ရဲ့ ၆ယောက်မြောက်သတို့သမီးနဲ့လက်မထပ်ခင်က ပြည်သူတွေကြားထဲမှာ ဒီတစ်ခေါက်က ဘယ်လိုသေမှာလဲ ဆိုတဲ့အကြောင်းက လူပြောများတယ်။တစ်လပြည့်ပြီးနောက်မှာတော့ ရီလင်ဝမ်ကသူ့ကြင်ယာတော်လေးကို ဘယ်လို သည်သည်လှုပ်ချစ်တယ် ဆိုပြီးလူပြောများတယ်။

ပြောလည်းပြောချင်စရာပဲ။ အရင်က အနေအထိုင်သိုသိပ်တဲ့ ရီလင်ဝမ်က သူ့ကြင်ယာတော်လေး အဆင်မပြေမှာစိုးလို့ ဆိုပြီး နန်းတွင်းလက်သမားတွေကို ဝေါယာဉ်တစ်ခုဆောက်လုပ်စေတယ်။ ဝေါယာဉ်ထဲမှာ အကောင်းစား မွေ့ ယာတွေနဲ့ အိစက်နေပြီ အိပ်နေလို့တောင်ရတယ်တဲ့။ ပြီးတော့ နာမည်ကြီးအပ်ချုပ်သမားတွေကို တစ်ထည် တစ်ထည် ကဝန်ကြီးချုပ်ရဲ့ တစ်လစာလောက်တန်ဖိုးရှိတဲ့ ဝတ်စုံတွေကို ဆယ်ထည်မကချုပ်စေပြီး အခကြေးငွေကို သူ့ရဲ့ပိုင်ဆိုင်မှုထဲက ပေးချေတာတဲ့။ ကြင်ယာတော်လေးက အမှောင်ကြောက်တတ်လို့ ကြင်ယာတော်လေးရဲ့ အဆောင်တစ်ခုလုံးကို ညပုလဲတွေနဲ့ လင်းအောင်လုပ်ထားတာ အိမ်တော်ကလူတွေကတောင်သူတို့နိုင်ငံမှာ ညပုလဲပေါတာခုမှသိတယ်တဲ့။ညပုလဲဆိုတာမျိုးက ပုလဲတစ်သိန်းမှာတောင်တစ်လုံးတွေ့ ရခဲတာဆိုတော့ ပိုက်ဆံရှိတိုင်းတောင်ဝယ်လို့မရတဲ့ အရာမျိုး။

ကြင်ယာတော်လေး နှာတစ်ချက်ချေလိုက်တာနဲ့ နှစ်တစ်ထောင်ဂျင်ဆင်းကို ကျိုတိုက်တာတွေ။မဖြစ်မနေကိစ္စတွေကလွဲလို့ ကြင်ယာတော်လေးနားမှာပဲနေတာတွေက မြို့တော်က မိန်းမပျိုလေးတွေကို အားကျစေတဲ့အကြောင်းတွေပေါ့။ စိတ်မကောင်းစရာလေး တစ်ခုက ကြင်ယာတော်လေးက အတိတ်မေ့နေတယ်ဆိုလားပဲ။ဒါပေမဲ့ တန်ပါတယ်၊ ရီလင်ဝမ်လို ယောက်ျားမျိုးရတာ။

ကြင်ယာတော် လေးရဲ့သတင်းကလည်း အပြောများတယ်။အကြောင်းက ဒီတစ်လအတွင်းမှာပဲ ကြင်ယာတော်က ကျောက်စရစ်တွေသဲတွေသုံးပြီး ရေသန့်စင်တဲ့နည်းတွေ၊ စိုက်ပျိုးရေးနည်းသစ်တွေ လက်နက်ဆန်းတွေကို အကြံပြုခဲ့လို့ပဲ။သူမရဲ့နည်းလမ်းတွေက ဆန်းပြားပြီး အသုံးဝင်တဲ့အတွက် ပြည်သူတွေရဲ့ ချစ်ခင်မှုကို ခံရတယ်။ သူတို့နှစ်ယောက်ကိုပြည်သူတွေက နတ်ဖတ်တဲ့စုံတွဲဆိုပြီးလည်းသမုတ်ကြတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now