(28)

1.6K 151 0
                                    

သခင်လေးတစ်ယောက် ရီလင်ဝမ်နဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာ မိန်မိန့် အတွက်အံ့သြစရာ ရင်တုန်စရာ ပေါင်းများစွာနဲ့ကြုံတွေ့နေရပေမဲ့ ကြာတော့ နေသားကျသွားတယ်ပဲပြောရမလား ၊ အရည်ထူလာတယ်ပဲပြောရမလား မသိပေမဲ့ အခု တော်ရုံတန်ရုံ ဆိုမမြင်ချင်ယောင်ဆောင်နေတာကများသည်။သို့ပေမဲ့အရှေ့က မြင်ကွင်းကိုတော့ အကြည့်မလွှဲနိုင်။

ကြာကန်ဘေးက ဥယျာဉ်ငယ်လေးမှာ တစ်တောင်လောက်ရှိတဲ့ သားရေအခံကြီးခုထိုင်ရင်း သစ်သီးပန်းကန်ဆီ လက်လှန်းတိုင်း မျက်နှာကြီးရှုံ့မဲ့သွားပြီး ခွီကနဲ ထရယ်ကာ ပြုံးပြုံး ပြုံးပြုံးနဲ့ အသီးတမြုံမြုံစားနေတဲ့ သခင်လေးက ဘာဖြစ်နေတာလဲ။သူမအကျဉ်းကျနေတဲ့ တစ်ပတ်ကျော်ကာလ မှာဘာဖြစ်သွားတာလဲ။အကျဉ်းမကျခင်က ရီလင်ဝမ်ရဲ့ ကြောက်လန့်ဖွယ်ပုံစံကြောင့် ကိုယ့်မှာ နတ်ဒေဝါ အပေါင်းကိုတိုင်တည် ဆုတောင်းလိုက်ရတာ။လွတ်လာတော့ ဒီအခြေအနေတွေက. . . . . ကြားထဲမှာဘာတွေဖြစ်သွားတာလဲ။ကိစ္စ ကြီးကြီး တစ်ခုခုကို လွတ်သွားတယ်လို့ခံစားရပေမဲ့ မမေးရဲဘူး။ဘာလို့မှန်းမသိပေမဲ့ မေးရင်နောင်တအကြီးအကျယ်ရမယ်လို့ခံစားနေရလို့ မမေးရဲဘူး။

ဘုတ် ဆိုတဲ့အသံကြောင့်ကြည့်လိုက်တော့ စားလက်စ အသီးကြီး အောက်ပြုတ်ကျပြီး တစ်နေရာကို တအံ့တသြ ကြည့်နေတာကြောင့် သူမပါယောင်ယမ်းပြီးကြည့်လိုက်တော့ မူမမှန်လမ်းလျှောက်ပုံနဲ့ ဖြတ်သွားတဲ့ သခင်လေးရွှယ်ယွမ်။သခင်လေးမြင်တော့ ဒီဘက်လျှောက်လာတာကြောင့် သူ့ကိုရှောင်နေဖို့ပြောတဲ့ သခင်လေးရဲ့အသံက ခပ်သြသြ . . . သခင်လေးလည်ချောင်းနာနေတာများလား. . . . ( ညကပင်ပန်းသွားလို့ 🌚🌚 )

မနေ့ည ကစိတ်အလိုလိုက်ခဲ့မိတော့ မနက်ရောက်တော့သူခံနေရပြီ ( အောက်ကသားမွှေးကိုပြောပါတယ်🙄🙄 )။ တစ်ချက်တစ်ချက် လှုပ်ရှားလိုက်တိုင်းအောက်ပိုင်းကဆစ်ခနဲနာပေမဲ့ အတွေးတွေက ညဘက်ပြန်ရောက်သွားတော့ ပါးစပ်ကစိမရ။ပတ်ဝန်းကျင်ကိုကြည့်နေရင်း မျက်လုံးထဲဝင်လာတာက ခါးလေးကိုင်ရင်း လမ်းကိုမူမမှန်စွာလျှောက်နေတဲ့ ရွှယ်ယွမ်။စားနေတာလေးတောင်ပြုတ်ကျသွားတယ်။ဒီကောင် B ထိုင်လိုက်ရတာလား၊ ဆစ်ပတ် ကြီးကလေ(ဒါကိုပဲ ခလုတ်တိုက်နေတာပဲ 😑😑)။ ဒီဘက်လာတာတွေ့တာနဲ့ မိန်မိန်ကိုရှောင်ခိုင်းလိုက်တယ်။အချို့စကားတွေက နှစ်ယောက်ထဲပြောတာကောင်းပါတယ်။

Being in  novel is not easy 🤧[Completed]Where stories live. Discover now