(16)

1.6K 166 1
                                    

မိန်မိန်တစ်ယောက် မီးဖိုဆောင်တံခါးနားမှာရပ်ရင်း အရှေ့ကမြင်ကွင်းကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေတယ်။ မနေ့က သခင်လေးရဲ့ ဟင်းချက်လက်ရာကိုမြင်ပြီး အိမ်မက်ဆိုးတွေတောင် မက်ခဲ့ပေမဲ့ အခုသခင်လေးရဲ့ပုံစံက မနေ့ကနဲ့ လားလားမှမဆိုင်။

အခုသခင်လေးရဲ့ပုံစံက အရင်ကသခင်လေးအတိုင်းပဲ။မဟုတ်မှလွဲရော သခင်လေးပြန်မှတ်မိလာတာလား။အတွေးနဲ့တင်ပျော်နေပင်မဲ့ အရှေ့ကမြင်ကွင်းကတစ်ခုခုလွဲနေတယ်။ဟင်းချက်နေတဲ့သခင်လေးက ဘာလို့အောက်ကြည့်မချက်ဘဲ ငူငူငိုင်ငိုင်နဲ့အတွေးများနေပုံပေါ်နေရလဲ။တစ်ချက်တစ်ချက် ဆောင့်အောင့်ပြီးဓားသုံးရင် လက်ခုတ်မိမှာစိုးနေရတာကတစ်မျိုး။သခင်လေးဘာတွေဖြစ်နေပါလိမ့်။ကြာရင်မိန်မိန် အသက်တိုလိမ့်မယ်။

ထိုစဉ် ဝမ်ရိပေါ်မှာတော့

' ရူးနေတာ ရူးနေတာ မနေ့ကဝမ်ရိပေါ်ကရူးနေတာ။ဒီလောက် ရှန့်ရှန့် မျက်နှာပျက်နေတာသိရဲ့သားနဲ့ အတင်းတွေမဟားတရားကြီးထိုးကျွေးနေတာ။ အခုတော့ နေမကောင်းဖြစ်ပြီ။ဘယ်သူ့ကိုမှသွားမေးစရာမလိုဘူး။အစာအဆိပ်သင့်တာ ကြိမ်းသေတယ်။ '

ရိပေါ်က မျက်ရည်မကျအောင်ထိန်းရင်း စောင့်ကြီးအောင့်ကြီးလုပ်နေတယ်။ရိပေါ်က ဘဲဥတောင် ဖြောင့်အောင်မကြော်တတ်ပေမဲ့ ဖက်ထုပ်လုပ်တာတော့ကျွမ်းတယ်။

အံ့သြ သွားလား ၊ ဒါကဖြစ်သင့်ပါတယ်။ ရိပေါ်တို့အိမ်ကအားရင် အမြဲတမ်းအဘွားတို့ဆီသွားလေ့ရှိတယ်။အဘွားရဲ့ ဟင်းချက်လက်ရာက ကောင်းတာကို။ အဘွားက ဘာလို့ ချင်ကျဲကိုကျော်ပြီးရိပေါ်ကိုမှဟင်းချက်သင်ပေးချင်နေတာလဲ မသိဘူး။ အကြိမ်ပေါင်းများစွာ မီးဖိုချောင်ပြာကျပြီးနောက်မှာတော့ ရိပေါ်မှာဟင်းချက်ပါရမီ ပါမလာဘူးဆိုတာကို သိသွားတဲ့ပုံပဲ။ဒါပေမဲ့ လက်တော့မလျော့ဘူး။

ရိပေါ်တို့လာတိုင်းဖက်ထုပ်လုပ်ကျွေးတယ်။ လုပ်တိုင်းလည်းရိပေါ်က ကူရတယ်။ကြာလာတော့ လက်ကအကျင့်ပါတယ်ပဲပြောရမလား ငုပ်လျိုနေတဲ့ ကျွမ်းကျင်မှုတွေ ပေါ်လာတယ်လို့ပဲပြောရမလား ။ သူတို့ဝမ်အိမ်မှာ ရိပေါ်လုပ်တဲ့ ဖက်ထုပ်ကစားကောင်းဆုံး။ ဖက်ထုပ်အတွက် လှီးတယ် ဖြတ်တယ် ကြော်တယ် နယ်တယ် ပြသာနာမရှိဘူး။ အခြားဟာလုပ်ဟေ့ဆိုရင် ဓားရှရတာနဲ့ ဆားများရတာနဲ့ ဒယ်အိုးပေါက်ရတာနဲ့ မီးဖိုချောင်ကြီးမီးလောင်ရတာနဲ့ တစ်မျိုးမျိုးတော့ဖောက်လိုက်ရမှ။ အဲ့ဒါကြောင့်ရိပေါ်ရဲ့ ဖက်ထုပ်က Wonders of Wang yibo ထဲကတစ်ခု။

Being in  novel is not easy 🤧[Completed]Where stories live. Discover now