(30)

1.4K 134 0
                                    

ညသန်းခေါင်ယံ လူအများအိပ်စက်နေချိန်တွင် နန်းတော်တွင်းတွင်တော့ တိုးတိုးတိတ်တိတ် စည်ကားဆဲ။အကြောင်းကတော့ အမြဲတစေ အရှင်မင်းကြီးရဲ့ မြှောက်စားခြင်းကို ခံရတဲ့ရီလင်ဝမ်က စာကြည့်ဆောင်ရှေ့မှာ နေ့လည်ကတည်းက ဒူးထောက်နေတာ အခုထိပဲတဲ့။ ဒီသတင်းကြားပြီးအချို့တွေက ရီလင်ဝမ်ကိုဆွဲချဖို့ကြံနေသလို အချို့ကတော့ မင်းကြီးဆီမှာရီလင်ဝမ်ကိုအသနားခံဖို့ ကြံစည်နေပြီ။ဒါပေမဲ့ သူတို့အခုထိစုံစမ်းမရတာက ရီလင်ဝမ် ဒူးထောက်နေရတဲ့အကြောင်းရင်းပဲ။ဒါ့ကြောင့် နန်းတော်ထဲမှာ ကြွက်တစ်အုပ်စုက အစာရလိုရငှား အပြေးအလွှားကြိုးစားနေကြတယ်။အဓိက လူတစ်ယောက်ဖြစ်တဲ့ မင်းကြီးကတော့ နေ့လည်ကတည်းက စာကြည့်ဆောင်ထဲကကိုထွက်မလာတော့တာ။စာကြည့်ဆောင်ထဲကမင်းကြီး ဝေ့ဝူချင်းရဲ့အတွေးများကလဲ နေ့လည်က အဖြစ်အပျက်များဆီ. . . . .

" အားရှန့် . . . .ဒီကိစ္စကမင်းအတွက် ယုံရခတ်နေသလို ၊ ခံရခတ်နေမယ်ဆိုတာ ကိုယ်တော်နားလည်ပါတယ်။ဒါပေမဲ့ အဖြစ်မှန်ကို ရှောင်လွှဲလို့မရလို့ အခုလိုခေါ်ပြီးအသိပေးရတာပါ။ "

ရီလင်ဝမ်က မင်းကြီးပြောသမျှကို ခေါင်းငုံ့ရင်းအသံတိတ်နားထောင်နေတယ်။

" အားလုံးက ကိုယ်တော့်အပြစ်တွေပါ။ကိုယ်တော်ကသာ လန်အိမ်နဲ့ မစီစဉ်ပေးခဲ့ဘူးဆိုရင်. . . . . ဟင်း. . . . .ဒါပေမဲ့စိတ်မပူပါနဲ့ အားရှန့် မင်းအတွက် ကိုယ်တော် တရားမျှတာမှုရှိအောင်ဆောင်ရွက်ပေးပါ့မယ်။ "

"အကိုတော်. . . "

ရုတ်တရက်သုံးနှုန်းလိုက်တဲ့အခေါ်အဝေါ်က သူ့ကိုအံ့အားသင့်သွားစေတယ်။အရင်က သုံးနှုန်းတဲ့ အခေါ်အဝေါ်ဖြစ်ပေမဲ့ သူနန်းတက်ပြီးတဲ့နောက်ပိုင်း အရှင်မင်းကြီး၊ မင်းကြီး ဆိုတာတွေကိုသုံးခဲ့ပြီး သူဘယ်လောက်ပြောပြော မခေါ်တော့တဲ့ အသုံးအနှုန်းကို သုံးလိုက်တော့ ဘာကြောင့်မှန်းမသိ အရင်ကအကြောင်းတွေကို သတိရသွားပြီး သူ့စိတ်ကိုပျော့ပြောင်း သွားစေသည်။

" အင်း အားရှန့် "

" ခမည်းတော် နေမကောင်းဖြစ်တုန်း နန်းတွင်းမတည်မငြိမ်ဖြစ်ပြီး ကျွန်တော် ပြန်ပေးဆွဲခံလိုက်ရတုန်းက အကိုတော် လာကယ်ခဲ့တာကို သတိရသေးလား။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now