(14)

1.7K 171 3
                                    

အခုမှ ကောက်ထည့်လဲမမှီတော့တာမို့ D ဝင်ချင်နေတဲ့စိတ်လေးကို သိမ်းပြီးထိုင်ခုံမှာနေရာချ ပေးရင်း ပြန်ပြုံးပြလိုက်တယ်။သူပြုံးကိုယ်ပြုံးပေါ့။

"ဟုတ်တယ် ငယ်လေးကိုယ်တိုင်အားရပါးရချက်ထားတာ ရှန့်ရှန့် ကြိုက်ပါ့မလားမသိဘူး။ "

ကြက်စွပ်ပြုတ်ကို ပန်းကန်လုံးလေးနဲ့ ထည့်ပြီးပေးလိုက်တယ်။

" မြည်းကြည့်။ "

" အဟွတ် ဟွတ် ဟွတ် "

" ရှန့်ရှန့် အဆင်ပြေရဲ့လား "

တစ်ဇွန်းသောက်ပြီး သီးနေလို့ ကျောကိုသပ်ပေးရတာအမော။ အိမ်ရှင်မကောင်းပီသကြောင်းရတာ။ (😒😒)

' နေဦး . . . . သီးလို့မျက်ရည်လေးလည်ကရေသောက်နေတဲ့ ရှန့်ရှန့်ရဲ့ ပုံစံက . . . . . '

ဝမ်ရိပေါ်ရဲ့ ရင်ဘက်ထဲကို နယူးကလီး ဗုံးတွေအကျဲခံလိုက်ရသလိုပဲ။နှစ်သစ်မကူးသေးပဲနဲ့ ဘယ်အိမ်က မီးရှူးမီးပန်းတွေ ဖောက်နေတာတုန်း ။ပြီးတော့ ကိုယ်တော်အဆင်ပြေပါတယ်ဆိုပြီးပြုံးပြတဲ့အပြုံး. . .

' မတူဘူး မတူဘူး လုံးဝမတူဘူး။ အရင်ကသူမြင်နေကြ အပြုံးတွေနဲ့ မတူတာ။ ကျန့်ကော ပဲဖြစ်ဖြစ် ရှန့်ရှန့် ပဲအဖြစ် အမြဲဟိုလို ပြုံးနေတာပဲမြင်ဘူးတာ။ အခုဟာက ......'

ကျွီ~ ~ ~

' ဘာသံပါလိမ့် . . ဒီလိုခံစားချက်မျိုးလား လောကသစ်ရဲ့ တံခါးပွင့်သွားတယ်ဆိုတာ။သူပိုမြင်ချင်တယ် ။' (ဟဲ့ဟဲ့ လုပ်ကြပါဦး ဝတ္ထု genre တွေပြောင်းကုန်တော့မှာပဲ မသွားနဲ့ မသွားနဲ့ပေါ်ပါ် 😱😱 )

ရှန့်ရှန့် နားကို လစ်ကနဲ ကပ်လိုက်ပြီး ဟင်းခွက်တွေ တိုးပေးတယ်။

" အခြားဟင်းတွေလည်း စားကြည့်လေ "

" အင်း "

ငါးဟင်းကိုစားတော့ မျက်နှာကြီးနီပြီးချွေးစီးတွေထွက်လာတာကချစ်စရာ။ ချွေးလေးတွေသုပ်ပေးရင်း VIP တန်းက ကိုပြုံးပြုံးကြီး ကြည့်နေတဲ့ ရိပေါ် ။

ပန်းကန်ထဲကနေ တူနဲ့တော့ယူလိုက်တာပဲ။ ဒါပေမဲ့ သုံးထပ်သားလားအသီးအရွက်လားမကွဲတဲ့ အရာကို ပန်းကန်ထဲထည့်ပေးလိုက်တယ်။

Being in  novel is not easy 🤧[Completed]Donde viven las historias. Descúbrelo ahora