(38)

1.4K 133 4
                                    

အားလပ်နေတဲ့နှစ်ပတ်အတွင်းမှာ သူကရေးခဲ့ဖူးတဲ့ဇာတ်လမ်းကို သတိပြန်ရအောင်ဉာဏ်ကုန်သုံးပြီးစဉ်းစားတော့ အကျဉ်းချုပ်ထွက်လာတယ်။

မူလဇာတ်လမ်းက မင်နိုင်ငံကနှစ်နိုင်ငံချစ်ကြည်ရေးအတွက် လက်ဆက်ဖို့ရောက်လာတဲ့ ပိုင်လျန်ကို မင်းကြီးက အိမ်ရှေ့စံမဟုတ်ပဲ ရီလင်ဝမ်နဲ့လက်ဆက်ပေးတယ်။ပိုင်လျန်က ဆေးပညာတတ်ကျွမ်းလို့ မင်္ဂလာဦးညကို အသက်ရှင်လျက်ဖြတ်သန်းနိုင်ခဲ့တယ်။မကြာခင်မှာပဲ ဖန်ပင်းပင်းရောက်လာပြီးနှစ်ယောက်ကြားကိုသွေးခွဲတယ်။ရီလင်ဝမ် အိမ်တော်မှာနေရတာပျင်းလာတဲ့ပိုင်လျန်က အမျိုးသားလိုဝတ်ပြီး ခိုးထွက်ရာက ရွှယ်ယွမ်နဲ့တွေ့တယ်။ရွှယ်ယွမ်က မိန်းကလေးမှန်းသိပြီး ဖွင့်ပြောဖို့စီစဉ်ခဲ့ပေမဲ့ ရီလင်ဝမ်ရဲ့ ကြင်ယာတော်မှန်းသိပြီး တိတ်တိတ်လေး ဘေးကနေပဲ ငေးကြည့်နေခရဲ့တယ်. . . . . . . သနားစရာချိဖ။ဒီထဲမှာ ရွှယ်ယွမ် က မြို့တော်မှာအချမ်းသာဆုံးစာရင်းဝင်တဲ့ အိမ်တော်က တစ်ဦးတည်းဒုတိယမြောက်သားဆိုပေမဲ့ အမေက နာမည်ကြီး ပြည့်တန်ဆာ ဖြစ်နေတာကြောင့် အထက်တန်းလွှာ ကလူတွေကနှာခေါင်းရှုံ့ကြတယ်။ ပိုဆိုးတာက သူ့အစ်ကိုနဲ့လက်ထက်မဲ့သူက သူ့ကိုတစ်ဖက်သက်ချစ်နေတဲ့သူဖြစ်တာကြောင့် အိမ်တော်ကိုမပြန်ရဲပဲ အပြင်မှာပဲအချိန်တွေ ကုန်ဆုံးနေရတယ်။. . . . အဲ့တစ်ယောက်ကဟိုတစ်ခေါက်က ပါးရိုက်သွားတဲ့ ကောင်မလေးထင်တယ်။ထားလိုက်ပါတော့ ဇာတ်လမ်းပြန်ဆက်မယ်။

ကူးစက်ရောဂါဆိုပြီး ပေါ်လာတဲ့အချိန် ရီလင်ဝမ်ကတာဝန်ယူရတော့ ပိုင်လျန်ကကုသပေးနိုင်ခဲ့လို့ နှစ်ဦးကိုနတ်ဖတ်တဲ့စုံတွဲဆိုပြီး ပြည်သူတွေကချစ်ခင်လာကြတယ်။ဒီအချိန်မှာ ဗိလိန်ဖြစ်တဲ့ အိမ်ရှေ့စံဝင်လာပြီ။အိမ်ရှေ့စံက ငယ်ငယ်ကတည်းကအချစ်မခံရပဲ အမြဲလိုလို ရီလင်ဝမ်နဲ့အနှိုင်းခံရတာကြောင့် ရှန့်ရှန့်ကိုမုန်းနေတဲ့သူ။ပိုဆိုးတာက မြင်မြင်ချင်းကြိုက်သွားတဲ့ပိုင်လျန်ကို ရီလင်ဝမ်ဆီမှာအလုခံလိုက်ရတယ်ဆိုပြီး ပိုဆိုး။သူ့ဗီလိန်ဖေဖေကြီးကလည်း ဂျင်းတွေထည့်၊ နောက်ဆုံး ပိုင်လျန်ကိုနန်းတော်ထဲမှာပြန်ပေးဆွဲပြီးထပုန်ကန်ရော။ဒါပေမဲ့သူမသိလိုက်တာက တစ်ကယ့် villain အစစ်က သူ့ဖေဖေကြီးဖြစ်နေတာပဲ. . . .

Being in  novel is not easy 🤧[Completed]Where stories live. Discover now