(49)

1.4K 140 3
                                    

မိုးမလင်းသေးဘူး နေထွက်တာကြည့်ဖို့လာခေါ်တဲ့ ပိုင်လျန်ကြောင့် မထချင်ထချင်နဲ့ထပြီးပြင်ဆင်ရတယ်။ထွက်လာတဲ့လမ်းတွေကလဲ ချောင်ကြိုချောင်ကြား လမ်းတွေလို့သူခံစားနေတယ်။ဘာလို့လဲဆိုတော့ လမ်းတွေက ကျဉ်းပြီးလူလည်းမတွေ့ဘူး။ဆေးမိထားလို့ နုန်းနေတော့သွားရတာအဆင်မပြေဘူး။ ပိုင်လျန်ကို မနည်းမှီအောင်လိုက်နေရတယ်။မလိုက်ပဲထွက်ပြေးပါလား . . .ဟုတ်စ။နောက်မှာ ပိုင်လျန့်ကိုယ်ရံတော်တစ်ယောက်ပါတယ်။ဒင်းကလဲ သူ့ရဲ့နောက်ကျောအလှပဲရှုစားနေတယ် လာမကူဘူး . ဟွန့်။

သွားရင်း သွားရင်းနဲ့ မျှော်စင်လိုနေရာရောက်လာတော့ လှေကားထစ်တွေကြည့်ပြီးခလုတ်မထိပဲအမိတချင်သွားတယ်။သူတကယ်မရတော့ဘူး။ သတိကောက်မေ့လိုက်ရင်ကောင်းမလား။

" လန်လေး မတက်နိုင်တော့ဘူးလား။ "

" ဟုတ်. . . မော. . . . .မော. . . "

သူ့ဖက်ကိုလှည့်ရင်း မေးလာတဲ့ပိုင်လျန်ကအပြုံးမပျက်သလို ချွေးလည်းမထွက်။ဇာတ်လိုက်မ မို့လို့လား၊ ဒါ ဇာတ်လိုက်မရဲ့ cheat တစ်မျိုးလား။ဘယ်အချိန် ဘယ်နေရာရောက်ရောက် အလှမပျက်တာ။သူ့မှာတော့ ဟောဟဲလိုက်နေပြီ။

ဘယ်ကမှန်းမသိ ကမ်းပေးတဲ့ရေကိုသောက်ရင်း အပေါ်တက်တယ်။နားလိုက်တက်လိုက် လုပ်ရင်း ထိပ်ဆုံးရောက်လာချိန်မှာတောင် နေကမထွက်သေးဘူး။ပိုင်လျန်ကပဲ အတွက်အချက်တော်တာလား၊နေကြည့်ဖို့ ညကတည်းများခေါ်လာလေသလားဆိုတာမသိပေမဲ့ သူ့အရှေ့မြင်ကွင်းကတော့ မည်းမည်းမှောင် နေတာပဲ။ဘေးကတန်းကိုကိုင်ပြီးအမောဖြေနေတဲ့ သူ့ကို

" မှောင်နေသေးတော့ တန်းတွေကိုသတိထား လန်လေး။တန်းတွေကနိမ့်တော့ပြုတ်ကျတတ်တယ်။ "

" ဟုတ် . . . "

. . . . . . လို့ဖြေလိုက်ပေမဲ့ ဗိုက်လောက်သာမြင့်တဲ့တန်းတွေနားကမခွာ။လေလေးတစ်ဖြူးဖြူးနဲ့ ကောင်းလိုက်တာ။

" ဒီနေရာကိုသဘောကျလား လန်လေး။အခုကဘာမှမမြင်ရသေးပေမဲ့ နေထွက်လာရင် ဒီနေရာကမြင်ကွင်းက အရမ်းလှတာ။နန်းတော်ထဲမှာ ဒီနေရာကနေ နေထွက်တာကိုအမြဲလာလာကြည့်နေကြ။ . . . . . ပြီးတော့ လန်လေးကို ရှန့် ကလာခေါ်တော့မယ်။ "

Being in  novel is not easy 🤧[Completed]Where stories live. Discover now