"အဟဲ...အဲ့ဒါ ငါက သူငယ်ချင်းအချင်းချင်းစတာပါဟ။ နေသော်မူးနေတဲ့ပုံစံကို အကုန်လုံးတွေ့ဖူးအောင်လို့ ငါက မျှဝေပေးတာ။ sharing is caring လေ"

"လာရင်းကိစ္စ လိုရင်းပဲပြော စန္ဒာဇော်ဝင်း။ ငါ့ညီမလေးကျောင်းဘက် ကူးရဦးမှာ"

"အော်...အေး! အဲ့ဒါပြောမလို့။ ကျောင်းက အခု Fund Fair လုပ်မှာလေ။ အဲ့ဒါ Fund Fair မှာ ငါတို့ final က ဒင်ဆမ်းနဲ့ကော်ဖီရောင်းဖို့လုပ်ထားတယ်။ အဲ့ဒါဟာ second year နဲ့ third year က သူတို့ King နဲ့ Queen ဖြစ်ခဲ့တဲ့သူတွေကို ပြင်ဆင်ပေးပြီး ဈေးဗန်းခင်းကြမယ်ပေါ့။ အဲ့တော့ final ကလည်း နင်နဲ့ ဖြူစင်လင်းတို့နှစ်ယောက်ကို Fund Fair ကျ မုန့်ကူရောင်း..."

"မလုပ်ဘူး!"

"ဟဲ့! နင်ကလည်း ငါပြောလို့တောင်မပြီးသေးဘူး"

"ပြောလို့ပြီးလည်း မလုပ်ဘူး!"

"အဲ့လိုမလုပ်ပါနဲ့ဟာ။ second year နဲ့ third year က King တွေက နင့်လောက်မချောတာကို။ နင် ဝင်ကူမှရမှာဟ။ ဒီနှစ်က ကျောင်းတက်ရတဲ့နောက်ဆုံးနှစ်လေးဟာကို။ သူငယ်ချင်းတွေ တက်ညီလက်ညီလေးလုပ်ရင် ပျော်စရာကောင်းတယ်လေ။ လုပ်ပေးပါနော်"

"ဘာတွေလုပ်ခိုင်းနေကြတာလဲ"

"ကိုထွဋ်!"

ကိုထွဋ်ကိုလှည့်ကြည့်ပြီးနောက်မှာ စန္ဒာဇော်ဝင်းမျက်နှာက ပိုငယ်ကျသွားသည်။

"Fund Fair အတွက်လေ ကိုထွဋ်ခေါင်"

"အင်း...ဒီနှစ် စိုင်းစိုင်းနဲ့ ဘန်နီဖြိုး မပါတော့ဘူးတဲ့လား"

စန္ဒာဇော်ဝင်းက မျက်နှာကိုညှိုးချပြီး မုန့်ရောင်းမယ့်ကိစ္စ ကိုထွဋ်ကိုပြောပြနေတာ တကယ်အကယ်ဒမီရှော့။ ဖြိုးလေးက ကြိတ်ရယ်ပြီး ရဲဘုန်းကတော့ ကျွန်တော့်ကို စိတ်မကောင်းဘူး နေသော်ဆိုတဲ့ အတင်းလုပ်ယူထားရဟန်မျက်နှာပေးနဲ့ ကြည့်နေသည်။ ကိုထွဋ်က စန္ဒာဇော်ဝင်းပြောသမျှကို အာရုံစူးစိုက်နားထောင်ပြီး စိတ်ဝင်စားနေပုံလည်း ရ၏။

"လုပ်လိုက်ပါ နေသော်ရ။ ကိုယ့် final အတွက်ပဲကို"

"ဟုတ်တယ် ကိုထွဋ်ရယ် ကူပြောပေးပါဦး။ ဘာမှလုပ်စရာမလိုဘူး။ အဲ့နေ့ကျ ဆိုင်ရှေ့မှာ ဖြူစင်လင်းနဲ့ တွဲရပ်ပေးရုံလေးပဲ။ ကလေးတွေတောင် King ကိုထုတ်လာမှ ညီမတို့ King လည်းထွက်ရမှာပေါ့။ ဒါက လူစားထိုးလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးလေ"

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now