Extra

34.1K 2.8K 358
                                    

"​ဟော အ​စောကြီးပြန်လာတာလား ဇာမဏိ"

"ဟုတ်"

ကျွန်​တော့်လက်ထဲ လက်ဆွဲအိတ်ကို ​ထည့်​ပေးလာပေမယ့် မျက်နှာကကြည်လင်မ​နေ။ ကျွန်​တော် ​ရေခပ်​ပေးတာ​တောင် မ​စောင့်ဘဲ ​ရေခဲ​သေတ္တာထဲက​ရေတစ်ဘူးထုတ်ယူပြီး အရှိန်နဲ့မော့ချသည်။ သူ သင်္ဘောဆင်းလာချိန်က ပွဲလမ်းသဘင်များသည့် ဒီဇင်ဘာလဖြစ်​တာနဲ့တိုက်ဆိုင်ပြီး ပြန်​ရောက်တည်းက အနားရသည်မရှိ။ ပြန်​ရောက်တာတစ်လ​ကျော်ပြီဖြစ်​ပေမယ့် အညာက သူ့မိဘ​တွေဆီလည်း သွားမကန်​တော့နိုင်​သေးပါ။ မျက်ခုံးတန်း​တွေတွန့်ချိုးထားပြီး စိတ်ကြည်​နေပုံမရသူရဲ့ နဖူးစပ်က ​ချွေးစ​တွေကို ကျွန်​တော့်လက်ခုံနဲ့ လှမ်းသုတ်​ပေးလိုက်ရ၏။

"ဗိုက်ဆာပြီလား။ ထမင်းအရင်စားမလား"

"​ရေအရင်ချိုးမယ် အစ်ကို။ တစ်ကိုယ်လုံး ​စေးကပ်​နေတာပဲ"

ပင်ပန်း​နေပုံ​ပေါ်သူရဲ့နှုတ်ခမ်း​တွေကို ​ဖျတ်ခနဲပင့်​မော့နမ်းလိုက်​တော့ မျက်ဝန်း​တွေကြည်သွားကြသည်။

"ထမင်းစားဖို့ပြင်ထားလိုက်မယ်"

ကျွန်တော့်ပါးတစ်ဖက်ကို ရွှတ်ခနဲအသံမြည်​အောင်နမ်းပြီးမှ ​ရေချိုးခန်းထဲဝင်သွား၏။ ဒီရက်​တွေ ကျွန်​တော်ကိုယ်တိုင်လည်း ​ဆေးခန်းထိုင်ချိန်​တွေ​လျှော့ချလိုက်ပြီး အိမ်မှာပဲအ​နေများ၏။ ဇာမဏိသင်္ဘောတက်​နေရင်တော့ အိပ်ချိန်ကလွဲလို့ ကျန်ချိန်​တွေအကုန် ​ဆေးခန်းမှာချည်း။ ဇာမဏိပြန်​ရောက်ပါပြီဆိုတည်းက ကျွန်​တော့်လက်ရာကို ယုံကြည်ကြတဲ့ မာမီနဲ့ ​ဒေါ်​ဒေါ်​မေသက်က အိမ်ထမင်းအိမ်ဟင်း​တွေ မပြတ်ပို့​ပေးကြသည်။ နံနက်ဆို အဆာ​ပြေစား ဇာမဏိကို​ပို့​ပေးပြီးရင် ​နေ့လယ်စာနဲ့ည​နေစာကို ရန်ကင်းအိမ်မှာသွားယူရသည်။ ကျွန်​တော်မသွားနိုင်တဲ့​နေ့ဆို ကိုပြည့်လာပို့ရင်ပို့။
ဒီ​နေ့​တော့ သူတို့သားမက်စားဖို့ ဆိတ်သားနဲ့အာလူးဟင်း၊ ခရမ်းချဥ်သီး​ထောင်းနဲ့ မြင်းခွာရွက်သုပ်ကို​တောင် အဆင်သင့်ပြင်ဆင်​ပေးလိုက်၏။ ထမင်းဝိုင်းပြင်ပြီးတာနဲ့ ​ရေချိုးခန်းထဲက ထွက်လာ​တော့မယ့်သူအတွက် အဝတ်အစား​ပြေးထုတ်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now