Epi_13

36.8K 4K 497
                                    

ဆောင်းရာသီရဲ့အအေးလွှာထု ကမ္ဘာမြေပေါ်မှ အကုန်အစင်ထွက်ပြေးပျောက်ကွယ်ခဲ့ပြီး မတ်လရဲ့နွေအပူရှိန်တို့နှင့် ပြည့်စုံစွာအစားထိုးခဲ့၏။ အရွက်ဖားဖားဝေသည့် စိမ်းမြမြသစ်ရွက်တို့နေရာမှာ ရော်ရွက်ဝါကြွေတို့ မြေပြင်တစ်လျှောက်အလုအယက်ပြေးဆင်းနေရာယူကြသည်။ ရိုးတံကျဲစိန်ပန်းပင်ဖျားထက်တွင်တော့ အနီရောင်သွေးသည့် စိန်ပန်းပွင့်တို့ ကြည်ပြာရောင်ကောင်းကင်ယံကို အလှခြယ်နေကြသည်။ ဆေးတက္ကသိုလ်(၁) ရဲ့ နယ်နိမိတ်ကိုဝိုင်းရံထားတဲ့ ပျဉ်းမပင်စိမ်းစိုတို့မှာ ခရမ်းရောင်အဖူးအငုံတို့က ဝေဝေဆာဆာ။ အပြာရောင်ကောင်းကင်ပြင်က လိမ္မော်သီးခွံတစ်ခုနဲ့ဖုံးအုပ်ခံလိုက်ရသလို နှုတ်ဆက်ညနေခင်းရဲ့ နေရောင်ခြည်က လိမ္မော်ရောင်ရင့်ရင့်သို့ တစ်စထက်တစ်စပြောင်းလဲလာ၏။ နောက်ကြည့်မှန်ကတဆင့် မကြာခဏဆုံစည်းလာတတ်တဲ့ မျက်ဝန်းနက်တစ်စုံကို အားနာလွန်းစွာနဲ့ပဲ သဘာဝတရားထဲ ကျွန်တော့်စိတ်ကိုစက္ကူလေယာဉ်ပျံလိုခေါက်ပြီး ပစ်လွှတ်ထားရတော့သည်။ 

ဂမုန်းပွင့် shopping mall ထဲဝင်​တော့ ည​နေရုပ်ရှင်ချိန်ကို မှီသည်ဆိုရုံ​လေး။ ညီမ​လေးတို့​ရေ​​ကြောင်းတက္ကသိုလ်ထက် ကျွန်​တော်တို့ Dental က စာ​မေးပွဲအရင်​ဖြေရတာမို့ ဒီ​နေ့မှစာ​မေးပွဲ​ဖြေပြီးတဲ့ ညီမ​လေးတို့က သူတို့​ကျောင်းယူနီ​ဖောင်းနဲ့ပဲဖြစ်သည်။ ပထမနှစ်ဝက်ပဲရှိ​သေး​ပေမယ့် ညီမ​လေးက ကျွန်​တော့်ထက် သူငယ်ချင်းအ​ပေါင်းအသင်းများ၏။ ရုပ်ရှင်ကြည့်ဖို့ပါလာတဲ့ မိန်းက​လေးသူငယ်ချင်းငါး​ယောက်အပြင်ကို Cinema hall ​ရှေ့မှာ​စောင့်နှင့်​နေတဲ့ ​ဇော်ထက်တို့​ကောင်​လေးအဖွဲ့ပါရှိသည်။ ​ဇော်ထက်က ညီမ​လေးတို့အုပ်စု​နောက်ကပါလာတဲ့ ကျွန်​တော့်ကိုမြင်တာနဲ့ ​ပြေးလာနှုတ်ဆက်၏။ ဇော်ထက်က​တော့ ညီမ​လေးနဲ့အထက်တန်းအတူတူတက်ခဲ့သည့်အတိုင်း သွက်သွက်လက်လက်ပုံစံမ​ပျောက်သည့်အပြင် ​​ရေကူးသင်တန်းချိန်​တွေ​ကြောင့် နဂိုခပ်လတ်လတ်ရှိသည့်အသား​ရောင်က ညို​မှောင်သည့်ဘက်ကိုအ​လေးသာပိုချင်​နေသည်။ ​ညီမ​လေးရဲ့ကျောင်း​ရော အပြင်သင်တန်း​တွေထိပါ အကြိုအပို့လုပ်​နေကျ ကျွန်​တော့်ကို ​ဇော်ထက်တို့တစ်ဖွဲ့လုံးက သိထားပြီးဖြစ်သည်။

နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏Where stories live. Discover now