“အမလေး အွန်းလေး ဒါဘာဖြစ်တာလဲဟင်. ဘယ်ကထိခိုက်မိတာလဲ”

“ဗျာ ဘယ်က..အာ ဒါက.”

ဘတ်ဟျွန်းကြံရာမရစွာဖြင့် ချန်းယောလ်ကိုကြည့်လိုက်တော့ ခပ်ပြုံးပြုံးဖြင့်မသိချင်ယောင်ဆောင်ကာ ထိုင်လျက် ဖုန်းကိုသာငုံ့ပွတ်နေသည်။ဘတ်ဟျွန်း ကြည့်နေတာကိုအရေးမလုပ်။

“ဘာဖြစ်လို့လဲ အမဂျောင်ရဲ့။ဘတ်ဟျွန်းက…အယ် ဒါက တစ်ခုခုနဲ့ထိခိုက်မိတာထင်တယ်။ အကြင်နာပေးရင်လည်း ထိ--မိ တတ်”

ဆတ်ခနဲလှည့်ကြည့်လာသည့် သူဌေးကတော်ပတ်ကြောင့် ဟယ်ရီ ခမျာ မအီမလည်ဖြင့် ပါးစပ်ပိတ်သွားသည်။ကလေးလည်း မဟုတ်ဘဲနဲ့ အမဂျောင်က ဒါကိုတောင်မသိဘူးလား။ဒါမှမဟုတ် မဟုတ်တန်ကောင်းရာဆိုပြီး ဇွတ်တင်းငြင်းနေတာလား။

“ပြောရမှာရှက်မိပေမယ့် ဒါက ကိုကိုချန်းယောလ် ကိုက်တာပါ။အကြင်နာပေးရင်း အသည်းယားလို့ဆိုပြီး ကိုကိုက”

“အမလေး..အွန်းလေး.ဒါက ညီအကိုချင်း”

သူဌေးကတော်ပတ်က မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေပေမယ့် ဟယ်ရီနှင့် ချန်းယောလ် ကတော့ ပြုံးစိစိ။ သူဌေးကတော်ပတ်၏ အကြည့်က ချန်းယောလ်ဆီရောက်လာတာကိုသိလိုက်ပြီးသည့်နောက် ချန်းယောလ် ဒီတိုင်းမနေနိုင်တော့။ထိုင်ရာကနေထရပ် ကာ သူဌေးကတော်ပတ်အနားကိုသွားလိုက်သည်။အတူယှဉ်ထိုင်နေသည့် မိခင်ဖြစ်သူနှင့်ချစ်ရသူ၏ခြေရင်းနားတွင် ဒူးတစ်ဖက် ထောင်လျက်ထိုင်ချမိတော့သည်။

“ချန်းယောလ်လီ”

“မေမေ. ခုကျွန်တော်ပြောတာကိုသေချာနားထောင်ပေးပါ။ ဘတ်ဟျွန်းက အွန်းလေးမဟုတ်ဘူး မေမေ။ကျွန်တော့် ညီလေးလည်း မဟုတ်ဘူး။အဲ့ဒါ ကျွန်တော်က ညီလေးအဖြစ်လည်းလက်မခံချင်လို့ ကျွန်တော်တစ်ယောက်တည်း အချစ်ခံချင်လို့ပြောတာမဟုတ်ဘူးနော်။တကယ်လို့ ဘတ်ဟျွန်းနေရာမှာ အခြားတစ်ယောက်က အွန်းလေးအဖြစ် နေ နေတယ်ဆိုရင် မေမေကလည်းအရမ်းကိုချစ်နေတာဆိုရင် ကျွန်တော်ညီလေးအဖြစ်သတ်မှတ်ပေးလို့ရတယ်။လက်ခံ ပေးနိုင်တယ်။ခုက မတူဘူး ။ကျွန်တော် သူ့ကိုညီလေးတစ်ယောက်လိုသဘောမထားနိုင်ဘူး။ကျွန်တော် သူ့ကိုချစ်တာ။ ချစ်သူတစ်ယောက်လို ချစ်တာ။နောက်ပြီး လက်ထပ်ချင်တယ်.ကျွန်တော် ဘတ်ဟျွန်းကိုလက်ထပ်ချင်တယ်။ဒီထက် အချိန် ဆွဲထားရင် မေမေက ညီအကိုဆက်ဆံရေးလိုတစ်ချိန်လုံးသတ်မှတ်နေတော့မှာစိုးတာမို့.”

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now