Episode-3
“ဒါကိုသေချာလုပ်ဖို့ကျွန်မ ဘယ်နှစ်ခါပြောရမလဲ အဒေါ်ကြီး.။ဒါလေးတောင်သေချာမလုပ်နိုင်ဘူးလား။”
“တောင်းပန်ပါတယ် မမကြီးဟယ်ရီ။ ကျွန်မက ခုပဲ သေချာပြန်ပြင်လိုက်ပါ့မယ်.”
“အဒေါ်ကြီးတို့က ပြောလိုက်ရင်ဒီလိုပဲ။ကျွန်မက အဲ့ဒါမစားဘူး မကြိုက်ဘူးဆို နည်းနည်းလောက် သတိထားပေးလေ။ နောက်တစ်ခါဆို ကျွန်မကို အဆိုးမဆိုနဲ့.”
ဟယ်ရီဆိုသည့် သက်လတ်ပိုင်းအမျိုးသမီးက ထမင်းစားပွဲကထိုင်ခုံမှာထိုင်ရင်းစိတ်ဆိုးမာန်ဆိုးပြောသည်။ ဒီအိမ်က အိမ်အကူတွေက သူဌေးကတော်မှ လူထင်နေကျလားမသိတာမို့ တစ်ခါတစ်လေ ဟယ်ရီတို့ ဒီလိုပဲ ဆူပူပြောဆိုပေးရသည်။
“ဆူညံနေတာပဲရော--ဘာဖြစ်နေကြတာလဲ”
“အာ ချန်းယောလ်လီ.. နိုးလာပြီလား လာ ထိုင် ထိုင်--”
ပါးစပ်က ပေါင်မုန့်တစ်ချပ်ကိုက်ရင်း ထမင်းစားခန်းထဲဝင်လာသည့် ချန်းယောလ် ကိုတွေ့တော့နဂိုက မာထန်စူပုတ်နေသည့် မျက်နှာသည် မျက်လှည့်ပြလိုက်သလို ချက်ချင်းကာလာပြောင်းသွားရသည်။ချန်းယောလ် ထိုင်ဖို့ ခုံပင်ဆွဲပေးလိုက်သေးသည့် ဟယ်ရီက ချန်းယောလ်ကို အလိုလိုက်အကြိုက်ဆောင်တတ်သည့် သူလို။
“ဒေါ်လေးက ကင်မ်ချီဟင်းရည်လေးနဲ့ မနက်စာ သေချာပြင်ထားတယ်။”
“အာ ကျေးဇူးပါ ဒေါ်လေး ကောင်းကောင်းစားပါ့မယ်။”
ကင်မ်ချီဟင်းရည်ရယ် အရံဟင်းတွေရယ် ထမင်းပူပူရယ်က တကယ်ပဲ အားလုံးအတွက် မနက်စာ ဖြစ်တန်ကောင်းပေမယ့် ခုမှ အိပ်ရာ နိုးလာသည့် ချန်းယောလ်အတွက် နေ့လည်စာတောင် နည်းနည်းကျော်နေပြီထင်၏။ မနေ့ညက သောကြာမို့ ညပိုင်းသူငယ်ချင်းတွေနှင့်သောက်လိုက်စားလိုက်ဖြင့် အိမ်ကိုတောင်ညဥ့်အတော်နက်မှာပြန်ရောက်ခဲ့တာမို့ မနက် ချန်းယောလ် အိပ်ရာ ထနောက်ကျသွားခြင်းဖြစ်သည်။ ချန်းယောလ် စားသောက်နေစဉ်မှာလည်း ဟယ်ရီက ဘေးနားကနေ လိုတာတွေ ထည့်ပေးရင်း အရိပ်တကြည့်ကြည့် လုပ်နေ သည်။ဟင်းရည်တစ်ချက်ခပ်သောက်လိုက်ရင်း ချန်းယောလ် နှုတ်ခမ်းတွေ တွန့်ခနဲပြုံးသွားသည်။အိမ်မှာ မနက်စာ မစားတာကြာ တာနှင့်ပဲ ဒီအရသာ ကဘယ်သူ့လက်ရာလဲ ချန်းယောလ်တို့ သတိမထားမိစရာမရှိ။
YOU ARE READING
လက်ထပ်လက်စွပ်ကလေး
Fanfiction#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~