Part-1

33.2K 1.4K 34
                                    

Episode-1

ဒယ်ဂုံနန်းတော်၏ အနောက်ဘက်ပိုင်းကျလွန်းသည့် စမ်းချောင်းငယ်လေးတစ်နေရာတွင် အစိမ်းရောင်ပိုးသားဝတ်စုံဖြင့် ကောင်လေးတစ်ယောက် သည် ချောင်းစပ်နားထိ ဆင်းလျက် လက်ထဲတွင်လည်း ခြင်းငယ်တစ်လုံးက ကိုင်ထားသေးသည်။ ခြေသလုံးတစ်ဝက်နားထိ ဝတ်ရုံကို မြှောက်တင်ပင့်ခေါက်ထားသည်ကြောင့် ဖြူဝင်းနေသည့်ခြေသလုံးသားငယ်တို့က အထင်းသား။

"မင်းသားလေး. အဲ့ဒီလိုလုပ်လို့မရပါဘူးရှင်။ကျေးဇူးပြုပြီး ပြန်တက်လာပါတော့"

"မင်းသားလေး တောင်းပန်ပါတယ်.မိဖုရားမယ်မယ်က ဒီချောင်းထဲမဆင်းရဘူးလို့ မှာထားပါတယ်ရှင်.. မင်းသားလေး။"

အစေခံမိန်းကလေးနှစ်ယောက်၏ ပြူးပြာနေသည့်ပုံစံလေးကို ကောင်ကလေးက ဂရုမမူအား။ကျောက်တုံးနှစ်တုံးကြားကိုတောင် ခြင်းတစ်စောင်းခံလျက် ငါးများဝင်လာမလား အသဲအသန်စိတ်ဝင်စားနေသည်။နန်းတော်ထဲမှာ ဒီချောင်းငယ်လေးရှိနေတာကို သူသဘောအကျဆုံးဖြစ်လေ၏။

"ဘယ်လိုလဲ. ငါး ဘယ်နှစ်ကောင်ရပြီလဲ"

"တစ်ကောင်မှကိုရမလာဘူး။ဒီငါးတွေ ဘယ်သွားနေတာလဲမသိဘူး။"

"အော်.. ဒီငါးတွေက ဘတ်ဟျွန်း လိုချင်ပါတယ်ဆိုမှ ဘယ်ရောက်နေပါလိမ့်ဗျာ."

ချောင်းထဲက ဘတ်ဟျွန်းခေါင်းလေးဆတ်ခနဲထောင်သွားသည်။အစေခံမလေးတွေရှေ့တွင်ရပ်လျက်ပြုံးစစကြည့်နေသူ သည် နှစ်ယောက်မရှိပါသော တစ်မိခင်တည်းမွေးသည့် ဘတ်ဟျွန်း၏ ချစ်လှစွာသော အကိုကြီး။

"အ ကို တော် !"

ကိုင်ထားသည့်ခြင်းလေးပစ်ချလျက် ရေထဲကနေ ဘတ်ဟျွန်းပြေးတက်လာကာ ဂုံးမင် ကို ပြေးဖက်တော့သည်။ ဖက်ရင်းနှင့် အငြိမ်က မနေ ခုန်ဆွဆွဖြင့် ပျော်နေတာကို ဖော်ပြနေသေးသည့် ဘတ်ဟျွန်း အလိုကျ ဂုံးမင် က ပါ လိုက်ခုန်ပေး နေတော့ နောက်က အစေခံမလေးနှစ်ယောက်ကပြုံးစိစိဖြင့် သဘောကျစွာကြည့်နေသည်။ ကြည့်ဆို--အိမ်ရှေ့စံ မင်းသား ဝမ်မင် ဆိုသည့် ဂုံးမင် က သဘောကောင်းသလို အနေတည်သိက္ခာအပြည့်ဖြင့်မြင်နေကျပုံစံက ဘတ်ဟျွန်းနှင့်ဆို ကလေးငယ်သဖွယ်အလိုလိုက် အကြိုက်ဆောင်သည့်အသွင်ကိုမြင်ရသည်မို့။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now