Episode-23
ညဉ့်က ပိန်းပိတ်နေအောင်ကိုမှောင်သည်။အလင်းရောင်တစွန်းတစတောင်မရှိသည့် နေရာက မည်သည့်နေရာမှန်းလည်း ဘတ်ဟျွန်းမသိ။ စိတ်ထဲတွင် တစ်ခါမှမဖြစ်ပေါ်ဖူးသည့် စိတ်အားငယ်မှုတွေ၊ကြောက်ရွံ့မှုတွေက ခန္ဓာကိုယ်အနှံ့ခြုံလွှမ်းထား တော့သည်။
“ချန်းယောလ်..ကိုကိုချန်းယောလ်လား။”
မသိစိတ်ကခံစားနေရသည့်ချစ်ရသူ၏အငွေ့အသက်ကြောင့် ဘတ်ဟျွန်းအလန့်တကြားအော်ခေါ်မိသည်။သို့ပေမယ့် တုံ့ပြန်သံမလာ။မှောင်မည်းနေသည့် မြင်ကွင်းကဖြည်းဖြည်းချင်း လင်းလာပြီးသည့်နောက် သူ မြင်လိုက်ရသည်က သွေးသံ တရဲရဲဖြင့် လဲကျနေသည့် သူ၏ချန်းယောလ်။
“ကိုကို.”
ဘတ်ဟျွန်း ငယ်သံပါအောင် အော်ဟစ်လျက် ချန်းယောလ် အနားပြေးသွားလိုက်သည်။ခပ်လှမ်းလှမ်းကိုကြည့်လိုက်မိတော့ ခေါင်း တစ်ခုလုံးပါချာချာလည်သွားရတော့သည်။ ဘတ်ဟျွန်း၏ဖခမည်းတော်၊မယ်တော်နှင့်အကိုတော် တို့ပါ သွေးသံရဲရဲဖြင့် လဲကျနေသည်ကိုမြင်လိုက်ရသည့်အခါ မှောင်မိုက်နေသည့်အမြင်တွေက ဒီထက်ပိုမှောင်မိုက်သွားလေရတော့သည်။
“မဟုတ်ဘူး. အဲ့ဒါတွေ မဟုတ်ဘူး.”
နေရာကနေတုပ်တုပ်မှလည်းမရွေ့နိုင်ဘဲ ချန်းယောလ်ကိုပွေ့ထားရင်း အသည်းအသန်ခေါင်းခါရင်း အော်ဟစ်မိတော့သည်။
“ဘတ်ဟျွန်း..ဘတ်ဟျွန်းနီး..”
“ကိုကိုချန်းယောလ်.”
“အင်း.ကိုကို.။ ထပါဦး အိပ်မက်ဆိုးတွေမက်တယ်ထင်တယ်။ ထ ကလေး ထ ရေသောက်ရအောင်.”
ချန်းယောလ်က ဆွဲထူနှိုးယူမှ ဘတ်ဟျွန်း အသိစိတ်ဝင်လာရတော့သည်။ညက ချန်းယောလ်အခန်းမှာ ရောက်တတ်ရာရာတွေ ပြောကြရင်း အိပ်ပျော်သွားခဲ့မိတာက ဆိုဖာပေါ်တွင်ဖြစ်သည်။ပြီးတော့မှ ချန်းယောလ်က ဘတ်ဟျွန်း အခန်းဘက်ပြန်မပို့ဘဲ ကုတင်ပေါ်တင်ပေးလာဟန်ရှိ၏။ သူ့ကိုရေဖန်ခွက်လေးကမ်းပေးရင်း စိုးရိမ်တကြီးကြည့်နေသည့် ချန်းယောလ်ကို ကြည့်ရင်း စောစောကအဖြစ်သည် အိပ်မက်ဟု အတန်တန်သတိပေးနေရသည်။
KAMU SEDANG MEMBACA
လက်ထပ်လက်စွပ်ကလေး
Fiksi Penggemar#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~