Part-30

3.6K 612 59
                                    

Episode-30

“ချန်းယောလ်လီက မေမေ့ကို စနောက်စရာများမှတ်နေသလား။ ကြင်ဖက်တွေ့ဆုံမယ်ဆိုလို့ မေမေ့မိတ်ဆွေကိုပြောပြီးပြီလေ။ ခုမှ ဖျက်လိုက်တော့ မေမေ့မျက်နှာဘယ်နားသွားထားရမလဲ။’

‘တောင်းပန်ပါတယ်။တကယ်တောင်းပန်ပါတယ် မေမေ.’

ညနေလူစုံချိန် ဧည့်ခန်းတွင် ချန်းယောလ် ခေါင်းဆက်တိုက်ငုံ့လျက် တောင်းပန်စကားသာဆိုသည်။ခေါင်းငုံ့ထားတာမို့ ချန်းယောလ်က သတိမထားမိပေမယ့် သူဌေးကတော်ပတ်က စနောက်နေမှန်း ပြုံးစိစိမျက်နှာကို မြင်တာမို့ ဘတ်ဟျွန်းက သိနေသည်။ ချန်းယောလ်က ဘတ်ဟျွန်းလက်ကိုလည်း မလွှတ်တာမို့ ပြုံးမိရပြန်ပါသေးသည်။

“ပြီးတော့ ငါ့ပန်းအိုး. အဲ့ဒါ ငါနိုင်ငံခြားကနေ သေချာဂရုတစိုက်သယ်လာခဲ့တဲ့ ရှားပါးအိုးကွ.။ ဘယ်လိုလုပ်.. ကွဲသွားရတာလဲ။”

ဒီတစ်ခါတော့ ဘတ်ဟျွန်း မပြုံးနိုင်တော့။ ခေါင်းလေးညွှတ်လျက် တောင်းပန်စကားဆိုရတော့သည်။

‘တောင်းပန်ပါတယ် ဖေဖေ။ အဲ့ဒါ ကျွန်တော့်ကြောင့်ပါ။”

‘ဘတ်ဟျွန်းနီး အပြစ်မဟုတ်ပါဘူး ဖေဖေ။ ကျွန်တော့်ကြောင့်သာ ဘတ်ဟျွန်းနီးက အဲ့လိုလုပ်မိလိုက်တာပါ။ ကျွန်တော် မရမက ပြန်ဝယ်ပေးပါ့မယ်။”

မိဘနှစ်ပါးကတော့ သူတို့ကိုမကြည့်ဘဲ ခေါင်းချည်းငုံ့နေသည့်ကလေးတွေကိုကြည့်ရင်း နှစ်ယောက်သားအကြည့်ချင်းဆုံကာ ခိုးရယ်မိကြသည်။မနေ့ကပဲ တင်းမာနေသည့်အခြေအနေကို ဘတ်ဟျွန်းက ဘယ်လိုဖြေရှင်းလိုက်လည်းမသိ။ခု ချန်းယောလ်သည် တော်တော်လေး တုန်လှုပ်ပိပြားနေကာ ဘတ်ဟျွန်းကို တကြည့်ကြည့်ဖြစ်နေရှာသည်။ဒါ သူ လိုချင်သည့် အခြေအနေပဲမို့ သူဌေးကတော်ပတ်က နှစ်လိုစွာပြုံးမိပါတော့သည်။

“အဲ့ဒါက ကိစ္စမရှိပါဘူး။ကြင်ဖက်တွေ့မယ်ကိစ္စကပဲ အရေးကြီးတာ။မေမေ့ကိုမျက်နှာမပျက်စေချင်ရင် ချန်းယောလ်လီက တစ်ခါတော့ သွားတွေ့လိုက်ပါ။ဒါ မှ မေမေ စိတ်အေးနိုင်မယ်”

ချန်းယောလ်သည် ကြံရာမရသည့်အဆုံး ဘတ်ဟျွန်းကို ကြည့်လာသည်။ဘတ်ဟျွန်းက မျက်နှာငယ်လေးဖြင့် ခေါင်းညိတ်ပြသည်။ မတွေ့ချင်လည်းတွေ့ရတော့မှာပဲမလား။ဒါ ချန်းယောလ်ကြောင့်ပဲဖြစ်သည့်ကိစ္စကို။ချန်းယောလ်ပဲ အစပြုခဲ့ခြင်း။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now