Episode-12
ဘတ်ဟျွန်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ ညည်းညူသံသဲ့သဲ့ကြောင့် နိုးလာရသည်။ဖြတ်ခနဲပင် မျက်လုံးပွင့်လာရသလို အရင်ဆုံးကြည့်မိတာက ဘေးနားက ချန်းယောလ်ထံ။ ညပြန်လာကတည်းက ချန်းယောလ်က ဘတ်ဟျွန်း အခန်းထဲမှာ အတူ လိုက်အိပ်ပေးခဲ့တာဖြစ်သည်။ချက်ချင်းပင် ထထိုင်လိုက်ပြီး ချန်းယောလ် လည်ပင်းသားတွေကိုစမ်းကြည့်လိုက်တော့ ပူကျစ်နေ ၏။
“ကိုကိုချန်းယောလ်.. ထပါဦး တစ်ကိုယ်လုံးပူကျစ်နေတာပဲ.။ထပါဦး.”
တစ်ဖက်လှည့်စောင်းအိပ်နေသည့် ချန်းယောလ် ကိုယ်ကြီးကိုသူ့ဘက် အတင်းပြန်လှည့်လိုက်ရသည်။ ညအိပ်မီးရောင် ပြပြအောက် ချွေးစေးတွေပါပြန်လျက် မျက်လုံးမပွင့်တပွင့်ဖြစ်လာသည်။
“ဘတ်ဟျွန်း-”
“အရမ်းကိုဖျားနေတာပဲ။ခဏနော်.”
ခေါင်းရင်းကမီးခလုတ်ကိုပါဖွင့်လိုက်လျက် လင်းချင်းသွားသောအခန်းထဲ ဘတ်ဟျွန်း အိပ်ရာထက်မှ ဆင်းလိုက်သည်။ည မို့ဖြေလျော့နေသည့် ဆံစတို့ကို ဖြစ်သလိုထုံးဖွဲ့ပစ်လိုက်ရင်း ဝတ်ရုံဖြူလေးကိုမလျက် အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဥက္ကဌပတ်တို့ဇနီးမောင်နှံလည်းမရှိတာမို့ ချန်းယောလ်ကို စောင့်ရှောက်ဂရုစိုက်ပေးဖို့က ဘတ်ဟျွန်းတွင် တာဝန်အပြည့် အဝရှိသည်။ရေပတ်တိုက်ပေးရမှာမို့ ဗီရိုပုလေးထဲက ဇလုံသေးသေးလေးကို အရင်ထုတ်ကာ ရေထည့်ဖို့ပြင်လိုက် သည်။ လက် က အမှတ်မထင် လွတ်သွားပြီး စတီးဇလုံက ကြမ်းခင်းပေါ်သို့အသံပေါင်းစုံမြည်အောင် လိမ့်ကျသွားသည်။
“အမလေး! ဘာကြီးတုန်း..”
“ဘယ်သူ-- အဒေါ်ကြီးဟယ်ရီ လား။”
“ကယ်ကြပါဦး.. သရဲ--သရဲ…”
မှောင်မည်းနေသော မီးဖိုခန်းထဲ ပြင်က ဝင်နေသည့်လရောင်သဲ့သဲ့သာရှိသည့်အပြင် ဖြူဖြူအရာကြီးက သူမရှေ့မှာမို့ ဟယ်ရီ အသည်းကြွေမတတ်လန့်သွားရသည်။သူမ နာမည်ခေါ်ကာ ဘာတွေပြောနေမှန်းလည်းမကြား။ ထောင့်နားက မီးဖိုခန်းမီးခ လုတ်ကို အပြေးအလွှားဖွင့်လိုက်ပြီးတော့မှ မျက်လုံးရဲရဲဖွင့်ကြည့်ရဲတော့သည်။
STAI LEGGENDO
လက်ထပ်လက်စွပ်ကလေး
Fanfiction#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~