Episode-6
“ချန်းယောလ်လီ.. အွန်းလေး က ဘာလို့ထမလာသေးတာလဲမသိဘူး။ သား သွားကြည့်ပေးပါလား.”
“အွန်းလေး အဲ့ဒါက ဘယ်သူလဲ.”
ဟယ်ရီက စကားဖြတ်မေးကာစူးစမ်းလိုက်မိသည်။သူဌေးကတော်ပတ် က သူမဘက် လှည့်ကာ ပြုံးပြလာသည်။
“အွန်းလေးလေ.. ချန်းယောလ်လီရဲ့ညီလေး.”
“ရှင်..ချန်းယောလ်လီက တစ်ဦးတည်းသောသားမဟုတ်ဘူးလား”
“ညီ ရှိတယ်။ မနေ့ကမှ သေချာပြန်တွေ့ရတာ။ ချန်းယောလ်လီ သွားလေ.”
ချန်းယောလ် အနည်းငယ်မကျေမနပ်ဖြစ်သွားရင်းကမှ သောက်လက်စ ကော်ဖီခွက်ကို ဖြတ်ခနဲချလိုက်သည်။မေမေ က ခါတိုင်း ချန်းယောလ် စားသောက်နေလျှင်တောင် ဂရုတစိုက်ရှိတတ်လှတာကိုခုများတော့ဖြင့်။ ဖခင်ဖြစ်သူကလည်း သွားလိုက်လေ ဟူသောအကြည့်ဖြင့် မေးဆတ်ပြလာလေတော့ ချန်းယောလ် အပေါ်ထပ်တက်လာခဲ့လိုက်ရတော့သည်။ ဘတ်ဟျွန်းကို ထားသသည့်အခန်းရှေ့ရောက်တော့ တံခါးအရင်ခေါက်လိုက်သည်။ အသံမပေးလာတာမို့ လက်ကိုင်ကိုဖွင့်ကြည့်လိုက်တော့ လော့ခ်ချမထားတာမို့ သူ အထဲထိသာ ဝင်လာခဲ့လိုက်တော့၏။
“ကိုကိုချန်းယောလ် လာတာ အတော်ပါပဲ။ ကျွန်တော် အဝတ်လဲစရာမရှိဘူးဖြစ်နေတယ်။”
ဘတ်ဟျွန်းက မွေ့ရာအောက်ဘက်တွင် ခြေဆင်းချထိုင်ကာ မနေ့ညက ချန်းယောလ် ပေးဝတ်ထားသည့် ညဝတ်ဖြင့်သာ ဖြစ်သည်။
“ဒီမှာမတွေ့ဘူးလား။ ငါ့အဝတ်တွေယူဝတ်ပေါ့”
“အဲ့ဒါ ဘာအဝတ်ကြီးတွေပါလဲ။ကျွန်တော့်အတွက် ဒီလိုဝတ်ရုံမျိူးရှာပေးပါလား။”
“အဟွန်း--ခု အဝတ်ကစပြီး လိုချင်တာတောင်းလာပြီပေ့ါ။ ငါတို့ကဘာလို့ မင်းအတွက် အဲ့လိုအဝတ်ရှာပေးရမှာလဲ။ရှိတာ ဝတ်လေ.။ငါ့အဝတ်တွေအကုန်ကလည်း အကောင်းတွေချည်းပဲ”
ဘတ်ဟျွန်း ခေါင်းခါသည်။ဖွင့်လက်စတံခါးဘောင်နားမှာပင် ချန်းယောလ် က လက်ပိုက်မှီနေလျက် ဘတ်ဟျွန်း၏ မကြည်မလင် ဖြစ်နေမှုကို လှောင်ကြည့် ကြည့်နေသည်။
YOU ARE READING
လက်ထပ်လက်စွပ်ကလေး
Fanfiction#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~