Part-13

5.3K 921 39
                                    

Episode-13

ဥက္ကဌပတ်တို့ ဇနီးမောင်နှံတို့ ပြန်ရောက်လာသည့်အချိန်တွင်တော့ ချန်းယောလ်က အလုံးစုံကျန်းမာနေခဲ့ပြီဖြစ်သည်။ ရက်သတ္တပတ်က ပုံမှန်အတိုင်းပင် သာသာကြည်ကြည်။ ချန်းယောလ်က မနက်ဆို ကုမ္ပဏီ သွားသည်။ သူဌေးကတော် ပတ်က ဘတ်ဟျွန်းနားတွင် ရယ်မောပျော်ရွှင်သည့်အခါ ရှိသလို ရတနာဆိုင်ထိုင်သည့်အချိန်တွင်လည်းရံဖန်ရံခါ ဘတ်ဟျွန်းကိုခေါ် သွားတတ်သေးသည်။
နေ့လည်စာ စားချိန်ရောက်တော့ ချန်းယောလ် ရုံးခန်းထဲကနေ ထွက်လာခဲ့လိုက်သည်။ ဖေဖေက ကုမ္ပဏီကန်တင်းမှာပဲ စားလိုက်မည်ဆိုပေမယ့်  သူကတော့ မေမေ့ရတနာဆိုင်ကို ကားမောင်းထွက်လာခဲ့သည်။ နေ့လည်စာ တူတူစားရအောင် ဆိုတော့ လက်ခနဲဖြစ်နေသည့် မျက်လုံးသေးသေးလေးတွေကိုပြန်မြင်ယောင်ရင်းပြုံးမိရသေးသည်။ဒီအတောအတွင်း ချန်းယောလ် နေထိုင်မှုဘဝနှင့်အိမ်ပြန်ချိန်တွေက လှပနေခဲ့သည်။ မနက်ဆို ဘတ်ဟျွန်းက သူ့အခန်းထဲလာကာ နဖူးကို အနမ်းဖြင့်နိုးသည်။ညနေဆို ကိုကိုပြန်လာပြီ ဆိုသည့် အသံကျယ်ကျယ်ပြုလျက် အမြဲလက်မောင်းကိုလာခိုတွဲတတ် သည်။ပြီးတော့ ဒီကလေး..။သူ လမ်းမှာ အကြင်နာမဲ့ထားပစ်ခဲ့သည်ကို မိဘတွေကို တစ်ခွန်းမဆိုသည့်အပြင် သူ့ကိုပါ အဲ့ဒီ အကြောင်းတွေမပြောဖို့ရန် တားမြစ်ခဲ့သေးသည်။အားနာရသလို စိတ်ရင်းလေးကို အသနားပိုရသည်။

ရတနာဆိုင်ရောက်တော့ မေမေ့ရုံးခန်းထဲသာ တန်းဝင်လာခဲ့သည်။ တံခါးခေါက်သံနှစ်ချက်ပြုလိုက်ရင်း ဖွင့်ဝင်လာတော့ တွေ့လိုက်ရသူကြောင့် သူ ခဏကြောင်သွားမိသည်။

“ကိုကိုချန်းယောလ်.”

ဘတ်ဟျွန်းကတော့ ဘတ်ဟျွန်းပင်ဖြစ်သည်။သို့သော် ဆံပင်ရှည်တို့နှင့် နန်းတွင်းရိုးရာဝတ်စုံနှင့် ဘတ်ဟျွန်း မဟုတ်။ သူ့လိုမျိူး အဖြူရောင်ဆံပင်တို့ဖြင့် ရှပ်အင်္ကျီအပြာလေး ဘောင်းဘီရှည်အနက်ပွပွလေးဖြင့် ဒီနေ့ခေတ်၏ ကောင်ငယ်လေး အသွင်အပြည့်ဖြစ်သည်။ သူ အံ့သြစွာ ပါးစပ်ဟနေမိသည်မှာ တမေ့တမော့။

“အိုက်ဂူး-မေမေ့သားက ညီလေးကို ကြည့်နေလိုက်တာများ ။ဘယ်လိုလဲ မိုက်တယ်မလား။ အွန်းလေးက ဆံပင်ညှပ်ပြီး အင်္ကျီလည်း မင်းလိုဝတ်ချင်တယ်ဆိုလို့ မေမေ ပြင်ပေးလိုက်တာ။ဆံပင်ရှည်တွေညှပ်ချတုန်းကများ မျက်ရည်တွေဝဲလို့ကွယ်။အာ- ဒီနေ့လည် ထမင်းတူတူသွားစားကြမလို့ဆို။ ”

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now