I can only imagine 34

Start from the beginning
                                    

"ဟားဟား အာ့ဒါ ကိုယ့်ရဲ့ ချစ်သူ မဟုတ်ဘူး
သူငယ်ချင်းပါ''

"ဟင် သူငယ်ချင်း!''

မျက်လုံးလေး အပြူးသားနဲ့ မော့ကြည့်နေရှာသည့် မိုးစက်၏ ပါးမို့မို့လေးကို မနာအောင် အသာလေး ဖျစ်ညစ်၍

"ဟုတ်တယ် အာ့ဒါ ကိုယ့်သူငယ်ချင်း ချစ်သူ
မဟုတ်ဘူး ''

"အာ...''

"ဘာလဲ မိုးစက်က  ကိုယ့်ကို ချောနဲ့ သဝန်တိုတယ် ဆိုပါတော့ ''

"ဗျာ အာ မဟုတ်.. မဟုတ်ပါဘူး ကျွန်တော်က
ဘာလို့ အကို့ကို သဝန်တိုရမှာလဲ''

မျက်နှာပြင်တစ်ခုလုံး နီရဲကာ အသည်းအသန်
ငြင်းလွှတ်နေသော မိုးစက်ကို ကျွန်တော်
တစိမ့်စိမ့် ကြည့်၍ လက်တွေကို အုပ်ကိုင်လိုက်ကာ

"မိုးစက် ''

"ဗျာ ''

"ကိုယ် ညီ့်ကို အခုချိန်မှာ တစ်ခုခု ပြောရင်
ညီ စိတ်ဆိုးမှာလား ''

"ဗျာ ဟို အကို.. အကိုက ကျွန်တော့်ကို ဘာစကား ပြောမလို့လဲ''

"အကို ညီ့ကို ချစ်တယ်''

"ဟင် အကိုက ကျွန်တော့်ကို ချစ်တယ်
ဟုတ်လား ''

"ဟုတ်တယ် ညီ ကိုယ် ညီကို ချစ်တယ် ''

ကျွန်တော် စကားကြောင့် ဆုပ်ကိုင်ထားသော
လက်တစ်စုံကို အသာဖယ်လွှတ်၍ အမည်တပ်မရသော မျက်လုံးတို့ဖြင့် စူးစူးရဲရဲ ကြည့်ကာ

"အကိုက ကျွန်တော့်ကို မြတ်နိုးရာ နေရာမှာ အစားထိုးလိုက်တာလား ''

"ဟာ မဟုတ်ဘူး ကိုယ်က ဘာလို့ မြတ်နိုးရာ
နေရာမှာ ညီ့ကို အစားထိုးမှာလဲ သူကသူ
ညီကညီလေ''

"ဒါဆို ကျွန်တော့်ကို အမှန်တိုင်း ဖြေပေးပါ အကို
မြတ်နိုးရာကို မချစ်တော့ဘူးလို့ အကို့ပါးစပ်က
ပြောနိုင်လား''

"ဟင်.. ''

"ဟော တွေ့လား အကို ချက်ချင်းတောင် ပြန်မပြောနိုင်တော့ဘူးမလား အဟက် ကျွန်တော်က အကို့အတွက် အစားထိုးခံသက်သက်ပဲမလား''

နာကျင်မှုလည်း မရှိနေသလို ခံပြင်းမှု တစ်စုံတရာမှ မရှိတဲ့ မိုးစက်ကို စာနာသနားမိစွာ ကြည့်နေမိသည်။ တကယ်တမ်း ပြောရရင်လည်း ကျွန်တော်
စိတ်တွေက အခုထိ ဝေခွဲလို့ မရသေးပေ။ ဒါပေမယ့် ကျွန်တော် အမြဲ စိတ်ညစ်နေတဲ့ အချိန်တိုင်း
အနားမှာ အမြဲလိုလို ရှိနေတတ်သည့် မိုးစက်ကို အပိုင်လိုချင်လာသည်။ ဘယ်လိုလဲ ကျွန်တော် အတ္တ ကြီးတယ်မလား။

I can only imagine Where stories live. Discover now