I can only imagine 13

1.7K 165 6
                                    

I can only imagine 🍓Part 13🍓

"ကဲ အားလုံးနဲ့ မိတ်ဆက်ပေးမယ် ဒါကတော့ အန်ကယ်ရဲ့ သား မြတ်နိုးရာတဲ့ ဒီကုမ္ပဏီမှာ မန်နေဂျာအနေနဲ့
အလုပ်ဆင်းမှာ ဖြစ်တဲ့အတွက်ကြောင့် အားလုံးက
သူ မသိမနားလည်တာ ရှိရင် ဝိုင်းဝန်း သင်ပေးကြပါလို့
ပြောချင်ပါတယ် ''

"ဟုတ်ကဲ့ပါ သူဠေး ''

ဝန်ထမ်း အားလုံးက တညီတညွတ်တည်း ပြန်ဖြေကြ၍
လက်ဆွဲနှုတ်ဆက်ကာ ကျွန်တော်ရဲ့ ပထမဆုံး အလုပ်စဝင်ခြင်း စတင်ပါတော့သည်။ အလုပ်စားပွဲကလည်း အခြားဝန်ထမ်းများနည်းတူ အခန်းမှာပဲ ရှိတာကြောင့် စိတ်သက်သာရာရတော့သည်။ နို့မို့ဆို နောက်ခံအကူအညီနဲ့
အလုပ်ဝင်လာတယ် ဆိုပြီး မသိမ်ငယ်ရတော့မှာ။

"ဟေ့ ဒီနေ့ အလုပ်စဝင်တဲ့ တစ်ယောက်ကလေ ချောလိုက်တာဟယ် အသားလေးတွေများ ဖွေးနေတာပဲ ''

"ဟုတ်တယ် ဟုတ်တယ် အာ့ဒါတော့ ငါ ထောက်ခံတယ် သိလား သူဠေးရဲ့ သားဆိုတော့ ငါ့ကို ကြိုက်ရင်
သိပ်ကောင်းမှာပဲဟာ ''

"ဟဲ့ ဂျပုမ စိတ်ကူးယဉ်မနေနဲ့ သူဠေးမှာ သား၂ယောက်
ရှိတယ်တဲ့ ''

"ဟုတ်တယ် ငါလည်း ကြားတယ် နေပါအုံး သူ့နာမည်က လေး...လေးညို့ရှင်တဲ့ အခုက မြတ်နိုးရာ ဆိုတော့
သူဠေးရဲ့ သားနောက်တစ်ယောက်လား''

"သူဠေးရဲ့ နောက်မိန်းမသားဟဲ့ ''

"ဟယ် ဟုတ်လား ''

"အေး ဟုတ်တယ် နင်တို့ အကြောင်းစုံ သိချင်ရင်
သူဠေးရဲ့ နောက်လိုက် ဦးမောင်ကို သွားမေးလိုက် ''

"ဟုတ်တယ် ဟုတ်တယ် ''

ဝန်ထမ်းမလေးတွေက မိန်းကလေးတို့ သဘောသဘာဝအတိုင်း အလုပ်နားချိန်လေးမှာ အုပ်စုဖွဲ့၍ ကျွန်တော်အကြောင်း ပြောနေကြသည်။ သူတို့ ပြောတဲ့ အကြောင်းအရာတွေကလည်း မှန်နေတာမို့ လက်ထဲက မိတ္တူကူးရမဲ့
စာရွက်ကို ကိုင်၍ လှည့်ထွက်လာလိုက်သည်။

"မိုးစက် ''

ကျွန်တော် ငှါးနေနေတဲ့ အိမ်လေးမှာ မိုးစက်က
မျက်နှာ သုန်မှုန်ကာ ရောက်လာတော့ စိတ်ပူစွာ သူ့ပခုံးကို လှုပ်ရမ်း၍

I can only imagine Where stories live. Discover now