I can only imagine 34

863 73 1
                                    

I con only imagine 3️⃣Part 344️⃣

"ညီ ''

"ဗျာ အကို ''

အခုတလော ကျွန်တော့်ကို သိသိသာသာ
ရှောင်ဖယ်နေသော မိုးစက်ကို အားမလိုအားမရဖြစ်ရကာ မျက်နှာချင်းဆိုင်ကာ မေးလိုက်သည်။

"ညီ အခုတလော ကိုယ့်ကို စိတ်ဆိုးနေတာတွေများ ရှိလား ''

"ဗျာ အော် မရှိ.. မရှိပါဘူး ''

"ဟုတ်လို့လား ညီ ဒါဆို ကိုယ့်ကို ဘာကြောင့်
ရှောင်နေရတာလဲ''

"အော် အကို စိတ်ထင်လို့ပါ ကျွန်တော် အကို့ကို မရှောင်ပါဘူး ဒီတိုင်းပါပဲ''

ကျွန်တော် ပြောတာကို အတင်းငြင်းကာ
အခုလည်း စကားမဆုံးသေးခင် အရှေ့ကနေ
ဖြတ်ပြေးမလို ပြင်နေတဲ့ မိုးစက် လက်လေးကို
ဆုပ်ကိုင်လိုက်တော့ သူက မနေတတ်စွာ
ရုန်းကန်လာသည်။

"နေအုံး ''

"အကို လွှတ်.. လွှတ်ပါ အကို လွှတ်ပါဗျာ''

"ဟင့်အင်း မလွှတ်နိုင်ဘူး မိုးစက် မင်း အခုလို
ရှောင်ဖယ် ရှောင်ဖယ် လုပ်နေတာ ကိုယ်
မကြိုက်ဘူး မကျေနပ်တာရှိရင်လည်း
ပွင့်ပွင့်လင်းလင်း ပြောလေ ''

"ခင်ဗျားကို ပြောပြီးသားလေ ဘာမှ မကျေနပ်တာ မရှိပါဘူးဆို ''

"ကြည့် ဒီလို အပြောတွေက စိတ်မဆိုးတာ
မဟုတ်လို့ ဘာဖြစ်မှာလဲ ''

ကုမ္ပဏီက ထမင်စားချိန်မို့ ဝန်ထမ်းတွေက
ထမင်းစားခန်းလို အခန်းလေးတစ်ခန်းထဲ
သွားစားနေကြတော့ ရုံးခန်းထဲတွင် ကျွန်တော်နဲ့
မိုးစက် နှစ်ယောက်တည်း ရှိနေတာကို အသုံးချ၍ အတင်းအကြပ် မေးနေမိသည်။

"ဘာမှ မဖြစ်ပါဘူးလို့ ပြောနေတာ ခင်ဗျား မကြားဘူးလား ပြီးတော့ ခင်ဗျား ကျွန်တော်နဲ့ ဒီလို
နီးနီးကပ်ကပ် မနေနဲ့ ခင်ဗျား ချစ်သူ
မြင်ရင်မကောင်းဘူး ''

"ဟမ်း ဘာကြီး ကိုယ့်ချစ်သူ ဟုတ်လား ''

"အင်းလေ ကော်ဖီဆိုင်မှာ တွေ့တဲ့ ခင်ဗျားချစ်သူကို ပြောတာ ''

မိုးစက် ပြောတဲ့ ကျွန်တော် ချစ်သူ ဆိုတာကို
အသေအချာ ပြန်စဉ်းစားမိတော့မှ ချောကို
ပြောမှန်း သိရသည်။ မိုးစက်က ကျွန်တော်နဲ့ ချောကို တစ်မျိုး ထင်နေတာနဲ့ တူပါတယ်။

I can only imagine Where stories live. Discover now