I can only imagine 31

1K 112 6
                                    

I can only imagine 🍩Part 31🍩

"အကို ''

"ဟင် မေ! "

ဘုရားဖူး ပြီးကတည်းက မေနဲ့ မတွေ့ရတော့တာ အတော်ကြာပြီမလား။ အခုမှ ကုမ္ပဏီမှာ ရုတ်တရက် မြင်လိုက်ရတာကြောင့် အံသြဝမ်းသာမိသည်။

"မေ ဟို မတွေ့ရတာ ကြာနေပြီနော်
ဘယ်ပျောက်သွားတာလဲ ''

"အင်း ဟုတ်တယ် အကို အလုပ်စဝင်ပြီး
ဘယ်လောက်မှ မကြာဘူး ရွာက အမေ ဆုံးလို့ နာရေးသွားလိုက်ရတယ် အမေဆုံးသွားတော့
ကျန်ခဲ့တဲ့ ညီမလေးတွေကို စိတ်သက်သာရာရအောင် ရက်နည်းနည်းလေး ဆက်နေလိုက်ရသေးတယ်လေ မေ့အထင် အလုပ်ရတာမှ မကြာသေးဘူး ခွင့်ရက် အများကြီးယူလို့ အလုပ်ပြုတ်ပြီ
ထင်တာ သူဠေးက အလုပ်မဖြုတ်တဲ့အပြင်
အမေ့အတွက် နာရေးစရိတ်ပါ လှူပေးသေးတာ အကိုရယ် ''

"အော် မေရဲ့ မိခင်အကြောင်း သိရတာ အကို
တကယ် စိတ်မကောင်းလိုက်တာ''

"ဒီလိုပဲပေါ့ အကိုရယ် တွေ့ဆုံခြင်း ရှိသလို
ခွဲခွာခြင်းလည်း ရှိတာပဲလေ မေလည်း ညီမလေးတို့ မျက်နှာနဲ့သာ အားတင်းထားရတာ တကယ်တမ်း အရမ်းပင်ပန်းနေပြီ တကယ် ပြိုလဲချင်နေပါပြီ အကိုရယ်''

"စိတ်မကောင်း မဖြစ်ပါနဲ့ ကံဆိုးခြင်းတွေ ကြုံပြီးရင် ကံကောင်းခြင်းတွေ လာတော့မှာပါ ဒါနဲ့ ညီမလေးတွေရော ဘယ်သူနဲ့ ထားခဲ့တာလဲ''

"အမျိုးတွေနဲ့ပါ အမျိုးတွေ ဆိုတာကလည်း သူတို့ စားဝတ်နေရေးနဲ့ မိသားစု အနိုင်နိုင်ပါ ညီမလေးတွေကို ခဏတော့ ထားပြီး ဒီမှာ နည်းနည်း
ပြေလည်မှ ရန်ကုန်ကို ခေါ်ထားမယ်လို့
စဉ်းစားထားတယ်''

"အင်း ကောင်းတယ် မိန်းကလေးတွေ ဆိုတော့
ဘယ်လိုပဲဖြစ်ဖြစ် အစ်မလက်အောက်မှာ
နေရတာက ပိုပြီး လုံခြုံပါတယ် ဟို အကူအညီ
တစ်ခုခု လိုရင်လည်း အချိန်မရွေး ပြောနော် အကို တတ်နိုင်ရင် အားလုံး ကူညီပေးမယ်''

"ကျေးဇူးပါ အကို မေကို ရင်ဖွင့်ခွင့် ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်''

"ဟာ မဟုတ်တာ စိတ်ညစ်စရာတွေ ရှိရင် ရင်ဖွင့်တိုင်ပင်မယ့် သူငယ်ချင်းတစ်ယောက်တော့
လိုတာပဲလေ ကျေးဇူးတင်စရာ မလိုပါဘူး ''

I can only imagine Where stories live. Discover now