I can only imagine 10

1.9K 176 6
                                    

I can only imagine 💖Part 10💖

"ဘယ်လိုလဲ စိတ်ပြေသွားပြီမလား ''

"အင်း နည်းနည်းလေးတော့ သက်သာသွားပြီးလို့ ပြောလို့ ရတာပေါ့''

"အော် ဒါဆို အနောက်နိုင်ငံတွေဆီက ဒီနည်းလမ်းက
အတော့်ကို ထိရောက်တာပဲ ဟီး ငါ တော်တယ်မလား''

မြတ်နိုးရာ ပေးတဲ့ နည်းလမ်းကို ကျွန်တော် အသိအမှတ်ပြုလိုက်တာကြောင့် သူက တပြုံးပြုံးနဲ့ ဖြစ်နေရှာသည်။

" အဟက်.. ''

" နေအုံး ဒီလောက်နဲ့ မလုံလောက်သေးဘူး လာ ထ
ကစားကွင်း သွားရအောင် ''

"ဟင် ကစားကွင်း ဘာသွားလုပ်ရမလို့လဲ မြတ်နိုးရာ
ကလေးကလားနဲ့ကွာ ''

ကျွန်တော်က ထိုသို့ ပြောလိုက်တော့ သူက မခံချင်ကာ
နှုတ်ခမ်းလေး တဆူဆူနဲ့ ခါးလေး ထောက်၍

" လေးညို့ရှင် Stress အရမ်းများနေရင် ကစားကွင်း သွားပြီး စိတ်ဖြေရတယ်တဲ့ သိလား ''

"အော် ဟုတ်လား ဒါကရော ဘယ်သူ
ပြောလိုက်ပြန်ပြီလဲ ''

"အင်း ဒါက ဘယ်သူ ပြောသလဲ ဆိုတော့ ဟောဒီက
မြတ်နိုးရာပါတဲ့ဗျာ ဟီးဟီး... ''

ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ပြောနေတဲ့ ဟာသတစ်ခုက အခြားသူ ပြောနေရင် ကျွန်တော် ပြုံးမိမှာတောင်
မဟုတ်။ ဒါပေမယ့် ကောင်သေးသေးလေး ပြောနေရင်တော့ သွားတောင် ကျဲမတတ် ဟက်ဟက်ပက်ပက်
အော်ရယ်နေမိသည်။ သူကလည်း ကျွန်တော် ရယ်နေတာ ဝမ်းသာလို့ထင်ရဲ့ ပြုံးရွှင်စွာ ကြည့်နေပြန်သည်။

" ဟားဟား ...''

"ဟီး ဘာလဲ ကစားကွင်းကို တစ်ခါမှ မရောက်ဖူးဘူးလို့တော့ မပြောနဲ့နော် ''

"အင်း ဟုတ်တယ် မြတ်နိုးရာ ငါ တစ်ခါမှ ကစားကွင်း
မရောက်ဖူးဘူး ဟင့်အင်း မဟုတ်ဘူး လိုက်ပို့မယ့်သူ
မရှိဘူးလို့ ပြောရင် ပိုမှန်မယ် ''

ဟုတ်တယ် တစ်ခါမှ အဖေနဲ့ အပြင်မှ မထွက်ဖူးတာ
ဘယ်လိုလုပ်ပြီး ကလေးတွေ အပျော်ဆုံး နေရာ ကစားကွင်းကိုတောင် မရောက်ဖူးတာ အဆန်းမှ မဟုတ်တာ။
ကျွန်တော့်ကို သနားသဖွယ် ကြည့်လာတဲ့ မြတ်နိုးရာရဲ့
မျက်ဝန်းညိုညိုလေးတွေကို တသက်လုံး မေ့လို့မရအောင် မဟုတ်တော့။ ထို့နောက် မြတ်နိုးရာရဲ့ လက်သေးသေးလေးတွေက ကျွန်တော် ခေါင်းပေါ် ရောက်လာကာ ညင်သာစွာ ပွတ်သပ်ပေးနေလေသည်။ ကျွန်တော်က ထိုင်လျက်သားနဲ့ သူကတော့ ရပ်လျက် အနေအထားဖြင့်
ကျွန်တော် ခေါင်းကို ပွတ်သပ်နေသည်။ ကျွန်တော်
သူ့မျက်နှာလေးကို မော့ကြည့်ကာ လက်နှစ်ဘက်ကလည်း သူ့ကို ဆွဲဖက်လိုက်၍ မျက်နှာက သူ့ဝမ်းဗိုက်နဲ့ တည့်တည့်တန်းတန်း ဖြစ်သွားလေသည်။ ဘယ်အချိန်ကတည်းက
ဝမ်းနည်းနေသလဲ မသိ။ အလိုလို စီးကျလာသော
မျက်ရည်တွေက အတားအဆီး မရှိ။

I can only imagine Tahanan ng mga kuwento. Tumuklas ngayon