I can only imagine 48

1K 61 6
                                    

I can only imagine 4️⃣Part 488️⃣

"အခရာ ဘယ်က ပြန်လာတာလဲ ''

"အပြင်က!''

ကိုယ်ဝန်ဆောင်သည်တွေက ဒေါင့်မြင့်ဖိနပ်
မစီးရဘူး ဆိုတာ အခရာ မသိဘူး ထင်ပါရဲ့။
ဖိနပ်အချွန်ကြီးကို ဖြစ်သလို ချွတ်ကာ
ပြန်ဖြေလေသည်။

"အဆင်ပြေရဲ့လား ''

"ပြေတယ် ဒါပေမယ့် မနက်ဖြန် သုံးဖို့ ပိုက်ဆံ
မရှိတော့ဘူး ''

သူဠေးသမီးပီပီ ငွေကိုရေလို သုံးနေသည့်အပြင် အခု ချို့ချို့တဲ့တဲ့ နေနေရတဲ့ အချိန်မှာ အရင်က သုံးသလို ပိုက်ဆံတွေ ဖြုံးနေမြဲ။ ကိုယ်မှာက
ကုမ္ပဏီက ပေးတဲ့ လစာတစ်ခုသာ ရှိတာမို့
လျော့သုံးဖို့ ပြောတော့လည်း လက်မခံ။

"အခရာ ''

"ဘာလဲ ''

"မင်းမှာ ကလေးနဲ့ ဆိုတာရော သတိထားမိရဲ့လား အခု Clubက ပြန်လာတာ ငါ မသိဘူး ထင်လို့လား ''

"အော် ရှင် သိနေတာလား အဟင့် Clubက
ဗိုက်ကြီးသည် မသွားရဘူးလို့ သတ်မှတ်ထားလို့လား''

"အခရာ မင်း အရမ်းပြောင်းလဲသွားတယ်၊ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်ချင် နေပါ၊ ဒါပေမယ့် ကလေးကိုတော့ မင်း ဂရုစိုက်ရမှာလေ''

"ကျစ် ကလေးက သူ့ဘာသာ ဗိုက်ထဲမှာ နေနေတာ ဘာကို ဂရုစိုက်ရမှာလဲ၊ တော်ပြီ ဘာမှ
လာမပြောနဲ့ ဗိုက်ဆာတယ် ဘာရှိလဲ ''

"မင်းအတွက် ငါးဟင်းလေးချက်ထားတယ်
အဆင်သင့် ခူးထားပြီးပြီ''

ငါးဟင်းလို့လဲ ပြောလိုက်ရော သူမ မျက်နှာက သိသိသာသာ ပျက်ယွင်းသွားကာ
နှာခေါင်းလေးရှုံ၍

"အဟင့် အစပ်မပါအချဉ်မပါနဲ့ မစားချင်ဘူး
ကျန်တာ လုပ်ပေး''

"အခရာ မင်းက မိခင်လောင်းနော် ပြီးတော့
ကိုယ်ဝန်ကလည်း တဖြည်းဖြည်း ရင့်လာပြီ၊
ကိုယ့်ဘက်က ဆင်ခြင်သင့်တာ ဆင်ခြင်ရမှာပေါ့''

"ရှုပ်လိုက်တာ ဟင်း ပြီးရော! "

လက်ကိုင်အိတ်လေးကို ကြမ်းကြမ်းတမ်းတမ်း ချကာ အခန်းထဲသို့ ဝင်သွားသော အခရာအား
ကြည့်၍ သက်ပြင်းအသာလေးချမိသည်။ အော် ခက်တော့တာပဲ...

I can only imagine Where stories live. Discover now