I can only imagine 1

18K 540 8
                                    

I can only imagine
❤Part 1❤

🎼မာနလေးများ အကုန်ခါချထားကာရယ် မင်းအနား ငါ နေဖို့ စဉ်းစားထားပါတယ် ဘယ်လိုပဲ မှားယွင်းလို့ နေလည်း အချစ် ဆိုတဲ့ စိတ်လေးတစ်ခုနဲ့  ဇွတ်မိုက်ချင်တယ်🎼

ရေဒီယိုလေးကနေ ပျံ့လွှင့်လာသော သီချင်းအသံလေး အင်း သီချင်းအသံလေး ဆိုတာထက် သီချင်းအဓိပ္ပါယ်လေးက ငါ့ကို ရည်ညွှန်းထားသလား မသိဘူး မောင်။ ငါ့အဖြစ်ကလည်း ဒီလိုပဲ မာနတွေ သိက္ခာတရားတွေ ရင်းပြီး မောင့်အပေါ် ပေးဆပ်ခဲ့ပေမဲ့ အားလုံးက မှားယွင်းခဲ့တယ် အချစ် ဆိုတဲ့ စိတ်ခံစားမှုလေးနဲ့ မိုက်မဲစွာ မောင့်ကိုပဲ ထပ်ပြီး ရွေးချယ်ဖြစ်ခဲ့တယ် ဟုတ်တယ် မောင် ထပ်ပြီး မောင့်ကိုပဲ.....

❤❤❤❤❤❤❤❤❤❤❤❤❤❤❤❤

ဒုန်း ခလွမ်း

"အမလေး ဘာအသံလဲ မီးကြည် ထွက်ကြည့်စမ်း ဘယ်က လာတဲ့ အသံလဲလို့''

"ဟုတ် ဟုတ်ကဲ့ ကြီးသိန်း''

မီးဖိုးခန်းအတွင်း ကန်စွန်းရွက် ခြွေကူနေရာမှ တစ်စုံတစ်ရာ ကျကွဲသံကြောင့် အပေါ်ထပ် တက်ကြည့်ရာ ထင်သည့်အတိုင်း သခင်လေး လေးညို့ရှင်၏ လက်ချက် ဖြစ်နေပေသည်။

"ဟယ် သခင်လေး ဘယ်လို လုပ်လိုက်တာလဲ ဒီမှာ ကွဲကုန်ပြီ မနေ့ကမှ သခင်ကြီးက မှန်ဗီဒို အသစ် ဝယ်ထားတာလေ ''

"အဟက်... ''

မဲ့ပြုံးတချက် အရွယ်နဲ့ မလိုက်အောင် ကြောက်စရာ ကောင်းလောက်တဲ့ မဲ့ပြုံး။ အသက် ၁၃နှစ်သာ ရှိနေတဲ့ လေးညို့ရှင်က လူမှန်းသိတတ်စ အရွယ်ကတည်းကလည်း ဒီလို ဆိုးသွမ်းနေကျ။ အခုလို မှန်ဗီဒိုလေး ရစရာမရှိအောင် ကွဲကြေသွားအောင် ပျက်စီးစေတာက အခုမှ မဟုတ်။ ငယ်ကတည်းကလည်း တစ်ခု မဟုတ် တစ်ခု နေ့တိုင်း ပစ္စည်း တစ်ခုခု ပျက်စီးသွားမှ နေသာထိုင်သာ ရှိတဲ့ အမျိုး။

" ဘောလုံး ကန်လိုက်တာလေ ခင်ဗျား မမြင်ဘူးလား ''

"မဟုတ်ဘူးလေ သခင်လေး သခင်ကြီးက ဘောလုံးကို ခြံထဲမှာ ကန်ခိုင်းတာလေ အိမ်အပေါ်မှာ ကန်လို့ မှန်ဗီဒို ကွဲသွားတာသာ သခင်ကြီး သိရင် အရမ်းစိတ်ဆိုးမှာ''

I can only imagine Where stories live. Discover now