I can only imagine 38

843 69 2
                                    

I can only imagine 3️⃣Part 388️⃣

"မောင် ဒီနေ့လည်း နောက်ကျပြန်ပြီလား
မောင်ရယ် ''

"ဟင် ဟုတ်တယ် အဖေ ခိုင်းထားတာတွေ လုပ်နေရာတာနဲ့ ဒီတစ်ပတ် အိမ်ပြန်နောက်ကျနေပြီ''

ကုမ္ပဏီတစ်ခုတည်း အလုပ်အတူ လုပ်နေရတာတောင် ဦးက မောင့်ကို အလုပ်တွေ အများကြီး
ခိုင်းနေတာ မသိခဲ့။ ဒါမှမဟုတ် အလုပ်များတယ်လို့ ပြောပြီး မောင်က အခြားသောအရပ်မှာ
အပျော်ရှာနေမလား။ ဒီလိုမှ မဟုတ်ဘူးဆိုရင်
ကျွန်တော် မျက်နှာ မမြင်ချင်တော့လို့နေမှာ။

"အင်းပါ မောင်ရယ် ငါ မောင့်ကို ပြောစရာရှိလို့ မနေ့ကလည်း ပြောမလို့ စောင့်နေတာ
မောင် နောက်ကျပြန်တယ် အခုတော့
ငါ ပြောတာကို မောင် နားထောင်ပေးပါ''

"အရေးကြီးလား''

"အင်း ကြီးတယ် မောင် ဟိုတနေ့ကလေ ငါနဲ့ အခရာ ဘာမှ မဖြစ်ကြပါဘူး ဟို သူက မူးနေတာ မောင်ရဲ့ အာ့ဒါ ငါက တွဲကူပေးတာ ခြေချော်ပြီး
ဆိုဖာပေါ် ပြုတ်ကျသွားတာ မောင် ထင်သလို
မဟုတ်ပါဘူး ငါ့ကို မောင် ယုံတယ်မလား''

အခရာက အရက်မူးနေလို့တဲ့လား မနေ့က သူမကို ကျွန်တော်ကိုယ်တိုင် ကားနဲ့ လိုက်ပို့ခဲ့တာ သူမဆီမှာ အရက်မူးနေတဲ့ ပုံရိပ်မျိုး တစွန်းတစမျှ မမြင်ရ။ စကားပြောတာတောင် အတည်အကျ ပြောနေလို့ ဆက်မပြောဖို့ မနည်းတားနေရသည်။ ဒါတောင်မှ အခရာက အရက်မူးနေလို့တဲ့လား အသေးလေးရယ်။ မောင် ဘယ်လို ယုံရမလဲဗျာ..

မွန်းကြပ်လွန်းသော ရင်အစုံကို လက်သီးဖြင့် အသာထု၍ နက်စ်တိုင်ကို အနည်းငယ် ဖြေလျော့ကာ

"ရင်ခံလိုက်တာ အသေးလေးရာ  ''

"ဟင် မောင်!  မောင် ဘာကို ဆိုလိုတာလဲ ''

"မောင် ဒီနေ့ ဘာတွေ စားထားသလဲ မသိဘူး
ရင်ခံနေလို့''

"အော် ဟုတ်လား မောင် ခဏနော် ငါ ဆေးသွားယူလိုက်အုံးမယ်''

အသေးလေးက ကျွန်တော့်ကိုတော့ စိုးရိမ်ရှာသား။ အခုလည်း ရင်ခံတယ်လို့ ပြောလိုက်တာနဲ့
ဆေးသေတ္တာထဲက ဆေးဗူးကို ရှာကာ ချက်ချင်း
ပြန်လာ၍ ရေခွက်လေးနဲ့ လာပေးရှာသည်။

I can only imagine Where stories live. Discover now