I can only imagine 41

624 64 0
                                    

I can only imagine 4️⃣Part 411️⃣

   "ဟယ် ကိုကိုတို့ ဘာလုပ်နေတာလဲဟင် ''

လွန်းဘွဲ့မောင်နဲ့ မိုးစက်တို့ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်နေကြစဉ်
အခန်းထဲကို တံခါးမခေါက်ပဲ ဝင်လာသော
မိုးစက်ရဲ့ ညီမဖြစ်သူ မိုးတိမ်လွှာကြောင့်
လူချင်း အမြန်ခွာလိုက်ကြပြီး အယောင်ယောင်အမှားမှားဖြင့် ကြောင်အမ်းစွာ ရပ်လျက်အနေအထားနဲ့

"ညီမ... ညီမလေး ဘာလာလုပ်တာလဲ ''

"ဟင် အမေက အကိုကြီးကို ရွာနောက်က
ရှုခင်းတွေ လိုက်ပြလိုက်အုံးလို့ ပြောခိုင်းလို့
လာပြောတာ ''

"အော် ဟုတ်သားပဲ အကိုလည်း ဒီရောက်နေတာ ၃ရက်ပဲ ပြည့်ပြီ ဘယ်နေရာမှ လိုက်မပို့ရသေးဘူး ''

"ဒါနဲ့ ခုနက ကိုကိုတို့ ဖက်ပြီး ဘာလုပ်နေတာလဲဟင်''

ညီမလေး၏ မေးခွန်းကြောင့် ဘာဖြေရမှန်း မသိ
ပကြပ်ရိုက်နေကြစဉ် အကိုကပဲ ပါးနပ်စွာ
ညီမလေးဘက်သို့ လျှောက်သွားပြီး

"အဲ ညီမလေးက မျက်စိမှားနေပြန်ပါပြီ အကိုကြီးတို့က ဖက်နေကြတာ မဟုတ်ပါဘူး၊ ညီမလေးရဲ့ ကိုကိုမှာ သနပ်ခါး ပေနေလို့ အကိုကြီးက
သုတ်ပေးနေတာပါ ''

"အော် ဟုတ်လား ''

လွန်းဘွဲ့မောင် အဖြေနဲ့ တိုက်ဆိုင်စွာ မိုးစက်ရဲ့
အကျီညာဖက်မှာလည်း သနပ်ခါးတွေ ပေပွနေလေသည်။ ဒီတော့မှ မိုးတိမ်လွှာ ယုံသွားကာ
အောက်ထပ်သို့ ပြန်ဆင်းသွားလေသည်။ မိုးတိမ်လွှာ ထွက်သွားတော့မှ မိုးစက်ခမျာ သက်ပြင်း အပြည့်အဝ ချနိုင်၍ အလိမ်ပေါ်မှာ စိုးလို့
တဒိတ်ဒိတ် ခုန်နေသော ရင်ကို လက်ဖြင့် ဖိထားကာ

"တော်ပါသေးရဲ့ ညီမလေး ယုံသွားလို့''

ကျွန်တော့်အပြောကို အကိုက သဘောမကျသလို မျက်ခုံး နှစ်ဖက် ကြုံကွေးကာ ကျွန်တော့် မျက်နှာအား စိုက်ကြည့်၍

"ခုနကပဲ အိမ်ကို အမြန်ဆုံး အသိပေးပါ့မယ်ဆို ဘာလို့ ညီမလေးက ကိုယ်တို့နှစ်ယောက်ရဲ့
ဆက်ဆံရေးကို သိသွားမှာ စိုးနေတာလဲ ညီပုံစံက ညီမလေးကို မသိစေချင်တဲ့ ပုံမို့ ကိုယ်က
အလယ်ကနေ ညာပြောလိုက်တာ ကိုယ့်
စိတ်အတိုင်းသာ ဆိုရင် အမှန်တိုင်း ပြောလိုက်တာ ကြာပြီ''

I can only imagine Where stories live. Discover now