အပိုင်း ၀၂
|Unicode Version|
// Hate your friends
I hate your mom and dad
I hope they hate me back //-သုညကမ္ဘာ၏ပထမအခြမ်း-
လွန်ခဲ့သည့်ဆယ်စုနှစ်များမှ စတင်ကာ ရေတပ်သည် ၄တို့၏အင်အားကိုပြသဖို့အတွက် ကောင်းကင်တမန်တော် အဖွဲ့အစည်း(Blue Angels)ကို ဖွဲ့စည်းခဲ့ကြသည်။ ကောင်းကင်တမန်တော်တို့သည် နှစ်စဉ်နှစ်တိုင်း ရင်သပ်ရှုမောဖွယ်ရာ ဝေဟင်ပြကွက်များကို ခင်းကျင်းပြလေ့ရှိပြီး ပြည်သူလူထုအား စိတ်ကျေနပ်အားရစေသည်။
ထို့အပြင် လူထု၏ယုံကြည်မှုနှင့် လေးစားအားကျမှုကိုလည်း အမိအရယူထားနိုင်ကာ တိုင်းပြည်အတွက် အကျိုးပြုစေသည့် ကောင်းမွန်သော လုပ်ငန်းတာဝန်များကိုလည်း တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးကြပါသေးသည်။ သို့ကြောင့်ပင် ထိုဆယ်စုနှစ်များအတွင်း ကောင်းကင်တမန်တော်တို့သည် ပြည်သူလူထု၏ အထူးအရေးပေးခြင်းကို ခံရလေသည်။
ညစာစားပွဲဝိုင်းလေးသည် လူစုံတက်စုံရှိပါသော်လည်း အင်မတန် ပျင်းရိစရာကောင်းလှစွာပင် စကားသံတို့တိတ်ဆိတ်လို့နေသည်။ ဂျီမင်းသည် အသားတုံးတစ်ဖဲ့ကို စိတ်မပါလက်မပါ လှီးဖြတ်လိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ စိတ်ကုန်ဖို့ကောင်းလိုက်တာ!
"ဂျီမင်းရဲ့ ဒီရက်ပိုင်း ဆိုင်အခြေအနေက ဘယ်လိုလဲ?"
"ပုံမှန်ပါပဲ"
ဂျီမင်းသည် အသက်ကြီးကြီးလူကြီးရဲ့ အလာပ သလာပ မေးခွန်းကို မျက်လုံးချင်းတောင်မဆုံဘဲ ဖြေလိုက်ရင်းက ဝိုင်ခွက်ကိုကောက်ကိုင်ကာ တစ်ငုံမော့ချလိုက်သည်။
ဂျီမင်း၏မောက်မာမှုက လေထုကို ပိုလို့ပင်စိမ်းသက်သွားစေသည်။ သို့ပေသိ ဒီအခြင်းအရာတွေကို ဂျီမင်းဆိုတဲ့သူက ဘယ်တုန်းက အရေးတယူလုပ်ကာ ဂရုစိုက်ဖူးလို့လဲ?။ သူ့မျက်လုံးထဲမှာ ဘယ်သူ့ကိုမှ ယုံကြည်မှုမရှိ။ ကုန်ကုန်ပြောရရင် သူ့ဘေးမှာထိုင်နေသည့် သူ့ယောကျာ်းအပါအဝင်ပဲ။