အပိုင်း ၀၇

6.4K 1.4K 397
                                    

အပိုင်း ၀၇

|Unicode Version|

-သုညကမ္ဘာ၏ပထမအခြမ်း-

နောက်တစ်ရက် ဂျီမင်း နိုးထလာချိန်တွင် အတော်လေး နောက်ကျနေခဲ့ပြီဖြစ်သည်။ ညတုန်းက ကြေကွဲထားသည့်ရလဒ်အနေနှင့် မျက်လုံးနှစ်ဖက်က သိသိသာသာလေး မို့ဖောင်းအစ်လို့နေလေသည်။

ကိုယ်လက်သန့်စင်ပြီးတော့မှ သတိရလိုက်တာက သူ ဘာဝတ်ရမလဲဆိုတာပဲ။ ထို့အတွက် စားပွဲပေါ်တင်ထားသည့် ဓာတ်ပုံအချို့နှင့် ဘရီယန်၏ပုံများကို တစ်ကိုယ်တော် ရှာဖွေရတော့သည်။

"ဒါက ဘယ်လိုချည်ရမှာလဲ"

ဓာတ်ပုံတိုင်းမှာ ပါနေသည့် လည်စည်းပဝါတွေကို သတိထားလိုက်မိတာမို့ အရောင်စုံထည့်ထားသည့် သေတ္တာထဲမှ နီးရာတစ်ရောင်ကို ရွေးထုတ်ကာ ဝတ်ဖို့ကြိုးစားရတော့သည်။

"ဘာလို့ အဝတ်တွေအကုန်လုံးက ကျပ်ထုတ်နေရတာလဲ?"

ဂျီမင်းသည် အပေါ်ထိရောက်မလာနိုင်သည့် ဘောင်းဘီကျပ်တစ်ထည်ကြောင့် ခုန်ဆွခုန်ဆွဖြစ်နေရင်းမှ စိတ်မရှည်နိုင်တော့။ အတန်ကြာမျှ ခက်ခက်ခဲခဲ ကြိုးစားပြီးသွားသည့်နောက်တွင်တော့ နေရာတကျဖြစ်သွားသည့် ဘောင်းဘီကြောင့် သက်ပြင်းအရှည်ကြီးကို ချလိုက်မိတော့သည်။

"လမ်းလျှောက်ရတာက နည်းနည်း. . ."

ဂျီမင်းသည် မှန်ထဲကို အထပ်ထပ်အခါခါကြည့်လိုက်ရင်းမှ ယင်းအဝတ်အစားနှင့် သူသည် မည်သို့မျှ မအက်စပ်သလို ခံစားလာရသည်။ လမ်းသွားတိုင်း ဒီလို သူ့ခန္တာကိုယ်ကောက်ကြောင်းတွေ ပေါ်နေတာမျိုးက နည်းနည်း. . . မဟုတ်ဘူး အတော်လေးကို စိတ်အိုက်စရာပင်။

"အရမ်း sexy ကျလွန်းမနေဘူးလား?"

တစ်ယောက်တည်း လည်ပင်းက ပုဝါကိုကိုင်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ ဘရီယန်နှင့်သူဟာ ရုပ်ချင်းတော့ တူပါရဲ့။ သို့ပေသိ ယခုလို ဝတ်စားပုံ အကြိုက်ချင်းကတော့ တစ်လမ်းစီ ကွဲပြားလို့နေသည်။

#000080Where stories live. Discover now