အပိုင်း ၁၆

6.7K 1.1K 181
                                    

အပိုင်း (၁၆)

|Unicode Version|

-သုညကမ္ဘာ၏ ပထမအခြမ်း-

အချစ်ကို ပန်းတစ်ပွင့်နဲ့ ဥပမာပေးကြည့်ရအောင်။

သံယောဇဉ်တွေနဲ့ အစပြုခဲ့ပြီး သေချာပေါက် တချိန်မှာ အင်အားအပြည့်နဲ့ ပွင့်လာမဲ့ ပန်းဖူးကလေးတစ်ဖူးရှိတယ်။

နေရောင်ခြည်ကိုလည်း ကောင်းကောင်းရပြီး အစာနဲ့ရေကိုလည်း ပြည့်ပြည့်ဝဝစားသုံးထားတဲ့ ပန်းဖူးကလေးက အလှဆုံးပွင့်ဖို့ရက်ကိုပဲ တစ်နေဝင်သွားတိုင်း စောင့်ဆိုင်းနေခဲ့တယ်။

တစ်နေ့မှာတော့ ကံမကောင်းစွာဘဲ အဲ့ဒီပန်းဖူးလေးက မီးလောင်သွားခဲ့တယ်။ အရှုံးမပေးချင်တဲ့ ပန်းဖူးလေးက မီးတောက်တွေကြားထဲမှာတောင် အင်အားအကုန်သုံးပြီး ပွင့်လာဖို့ကြိုးစားနေတုန်းပါပဲ။

အဆုံးမှာတော့ အဖျက်မီးကြောင့် အရင်အတိုင်း ပြန်မဖြစ်နိုင်တော့တဲ့ ပန်းဖူးဟာ ရည်ရွယ်ထားခဲ့တဲ့ပန်းပွင့်လှလှလေး မဖြစ်လာတော့ဘဲ ဘယ်လိုမှ မလှပနိုင်တော့တဲ့ မီးသင့်ပန်းတစ်ပွင့်ဖြစ်လာခဲ့တယ်။

မင်းတို့ သိချင်နေကြတဲ့ ၉၀ခုနှစ်တွေရဲ့ လူနှစ်ယောက်ကြားက အချစ်ဟာလည်း အပြည့်အဝပွင့်လန်းခွင့်မရခဲ့တဲ့ မီးသင့်ပန်းတစ်ပွင့်အနေနဲ့ပဲ ရှိနေခဲ့ပါတယ်။

_________________

"မင်းက ဘယ်ကရောက်လာတာလဲ။ ဒီမှာပဲ အမြဲနေတာလား"

ထင်းရုံနားမှာ ထိုင်နေသည့် ပုံရိပ်လေးတစ်ခု။ သူရှိရာကို နောက်ကျောပေးထားပြီး ​ကြောင်ဝတုတ်လေးတစ်ကောင်ကို အစာကျွေးရင်း စကားပြောလို့နေသည်။

"ဘရီယန်နဲ့ ပြေလည်သွားကြပုံပဲ"

နောက်ပါးဆီမှအသံနဲ့အတူ ဂေဟာတည်ထောင်သူအမျိုးသမီးက တီမိုသီ့အနားကို ရောက်လာသည်။ တီမိုသီက မည်သည့်အဖြေကိုမှ ပြန်မပြုဘဲ ထင်းရုံနားကပုံရိပ်ကိုသာ ဆက်လက်ငေးကြည့်လို့နေသည်။

#000080Where stories live. Discover now