အချပ်ပို

12K 1.3K 553
                                    

အချပ်ပို

|Unicode|

-သုညကမ္ဘာ၏ပထမအခြမ်း-

"အနွေးထည်မဝတ်တော့ဘူးလား"

အရှေ့မှာ ဂျစ်ကားစိမ်းလေး ရပ်ထားသည့် အိမ်ဝန်းလေးထဲက အသံတစ်ခု ထွက်ကျလာသည်။ ဂျီမင်းဟာ မိမိတစ်ကိုယ်လုံးကို မှန်ထဲမှာ ဒီဂရီပတ်ပတ်လည်ကနေ လှည့်ပတ်လို့ကြည့်နေသည်။

"ဂျီမင်း"

တီမိုသီဆီက မေးခွန်းကို မဖြေအားသည့် ဂျီမင်းက နာမည်ခေါ်သံကို ကြားတော့မှ မိမိအနောက်တွင် တီမိုသီရောက်နေတာကို တွေ့လိုက်ရသည်။ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိလိုက်တာမို့ မျက်နှာလုပ်သည့်အနေနှင့် သွားဖြီးကာ ရယ်ပြလိုက်သည်။

ဘယ်တုန်းကမှ စိတ်မဆိုးတတ်သည့် ကောင်းကင်တမန်တော်ကြီးက ဟန်ဆောင်ပန်ဆောင်လုပ်ကာ မျက်နှာတည်တည်ဖြင့် ဂျီမင်းက ရယ်ပြနေသည်ကို အကြည့်လွှဲပစ်လိုက်သည်။ ရင်ထဲမှာတော့ ပန်းတွေပွင့်နေသည်မှာ ဥယျာဉ်တောင် တည်လို့ရနေပြီဆိုတာ သိပ်သိတာပေါ့။

"စိတ်ဆိုးသွားတာလား"

ဂျီမင်းက မျက်လုံးပြူးလေးဖြင့် အနားကို ရောက်ချလာသည်။ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ကာ ဟန်မူပိုတတ်သည့် ကောင်းကင်တမန်တော်ကြီးဟာ ဂျီမင်းနဲ့ မျက်လုံးချင်းမဆိုင်ဘဲ မျက်နှာထားကိုလည်း အတတ်နိုင်ဆုံးတည်ထားသည်။

"တီမိုသီကလည်း"

မိမိရင်ဘတ်အား လက်ညှိုးတစ်ချောင်းဖြင့် လာထိုးကာ မျက်လုံးချင်းလိုက်ဆုံနေသည့် ဂျီမင်းကြောင့် တီမိုသီတစ်ယောက် အခက်တွေ့ရသည်။ အစကတည်းက ပြုံးချင်နေသည့် နှုတ်ခမ်းများကို ထိန်းချုပ်ထားကာ ဘောင်းဘီအိတ်ကပ်ထဲက လက်ချောင်းတွေသည်လည်း လှုပ်လှုပ်ရွရွ။

"စိတ်မဆိုးတတ်ဘဲနဲ့ ဟန်ဆောင်နေပြန်ပြီ"

ပြောပြောဆိုဆိုပင် ဂျီမင်းက သူ့ကို ခုန်ဖက်လိုက်တာမို့ ဘောင်းဘီအိတ်ကပ်ထဲက လက်တွေက အလိုအလျောက် ဖမ်းထိန်းပြီးသား။ အတင်းကာရော ဖက်ထားသည့် အကောင်ပေါက်လေးက သူနဲ့ မျက်နှာချင်းဆိုင်ရန် ကြိုးစားနေသည်။

#000080Where stories live. Discover now