အပိုင်း ၀၂

Start from the beginning
                                    

"ဒါလေး ဖြတ်ပေးစမ်းပါ"

ဂျီမင်းက သူ၏အသားပန်းကန်ပြားကို နံဘေးကလူထံသို့ တွန်းရွေ့ပေးလိုက်ပြီး မေးဆတ်ပြကာ ခိုင်းစေလိုက်သည်။ ယောက္ခထီးတို့စုံတွဲရဲ့မျက်နှာက မသိမသာပျက်သွားပေမဲ့လို့ အချိန်မှီပြန်ထိန်းလိုက်နိုင်သည်။ ဒါပေမဲ့ ဂျီမင်းကတော့ မမြင်စရာအကြောင်းမရှိ။

"ပြဿနာမရှာချင်စမ်းနဲ့"

ခပ်ကြိတ်ကြိတ်ပြောလာသည့် ခင်ပွန်းတော်စပ်သူရဲ့စကားကို ဂျီမင်းက နားမလည်သလို မျက်ဝန်းလဲ့လဲ့တို့ဖြင့် ရိုးသားချင်ယောင်ဆောင်ကာ ကြည့်ပေးလိုက်သည်။ ခင်ပွန်းဖြစ်သူက ဒေါသတွေကို ပြန်မြိုချတာကို တွေ့လိုက်ရတော့ ဝမ်းသာအားရပင် လှလှပပလေး ပြုံးပြလိုက်သည်။

"စားလို့ရပြီ"

ခင်ပွန်းဖြစ်သူမှ တိတိရိရိပိုင်းဖြတ်ပေးထားသည့် အသားတုံးတွေကို တချက်ငုံ့ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။ မတတ်သာလို့ ကြိတ်မှိတ်သည်းခံနေတာကို ဂျီမင်းဘက်က မသိတာလည်းမဟုတ်။

"ဘွဲ့နှင်းသဘင်ကျရင် သားတို့ထပ်ပြီး ပျံသန်းရဦးမှာမလား?"

"ဟုတ်တယ် အမေ သိပ်တောင်မလိုတော့ဘူး"

"များများစား သားလေး"

"ဟုတ်ကဲ့"

သိပ်ကြည်နူးစရာကောင်းလှသည့် မိသားစုမြင်ကွင်းလေးပဲ။ သို့သော် ဂျီမင်းအတွက်တော့ ထိုသို့မဟုတ်ခဲ့ပါ။ ဝိုင်ခွက်ဆီက လက်တွေကို အားထည့်ကာ ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းက မျက်နှာလှလှလေးထက်မှာ စိတ်ပျက်စေလောက်သည့် အမူအရာများနှင့် မလိုလားဟန်ကအပြည့်။

ညနေခင်းလေးသည် အကျည်းတန်မှုတို့ ခြံရံလျက် ညစာစားဝိုင်းလေးကို သိမ်ငယ်သွားစေသည်။ ခြေထောက်တစ်ဖက်ချိတ်ကာ ထိုင်ခုံကိုမှီလျက် ထိုင်နေသည့် ဂျီမင်းရဲ့ပုံစံက အနှစ်သာရမရှိသည့် ယခုလိုနေရာမျိုးက အချိန်မရွေး ထထွက်သွားချင်လှပြီဟု အသိပေးနေသယောင်။

#000080Where stories live. Discover now