Part...14

3.1K 267 14
                                    

ရှောင်းကျန့်မှာအခန်းထဲကျိုးချန်
ဝင်လာတာကြောင့် ဆူပုတ်နေမိ
သည်။

"ကျန့်ကျန့် မအိပ်သေးဘူးလား
ဗိုက်ဆာလို့လား မားနေမကောင်းချင်
သလို ဖြစ်နေလို့ ငါ ပြန်ပို့ခဲ့တယ်
လိုအပ်တာငါ့ကိုပြောနော်
ပိန်သွားလိုက်တာ ငါ့သူငယ်ချင်းရာ"

သူ့ပါးတွေကိုဆွဲပြီးပြောနေတဲ့
ကျိုးချန် ကို မျက်စောင်းထိုးရင်း...

"အပိုတွေ အခုမှလာပြီး ငါအခုပဲ
ရိပေါ်နဲ့ စကားပြောနေတာ မင်းတို့
ရိပေါ်ကို ဘာတွေများ ပြောထားတာလဲ
သူ့မှာ မင်းတို့ အသံကြားတာနဲ့
ဘယ်မှာ သွားပုန်းနေလဲ မသိဘူး"

အတည်ပေါက်ကြီး ပြောနေတဲ့စကားကြောင့်ကျိုးချန်လည်း ဒေါသ
ထွက်သွားမိသည်။

"မင်းရဲ့စိတ်ကူးထဲက မရှိတဲ့လူကို
ငါတို့​​က ဘာပြောရမှာလဲ မင်း...မင်းရဲ့ စိတ်ကူးထဲနစ်မျောနေတာ ရပ်တန်းက
မရပ်သေးဘူးလား မင်းရဲ့ စိတ်ထဲမှာ
သူ့ကို ဖျောက်လို့မရလေလေ
မင်းအတွက် ခက်ခဲ လေလေပဲ"

ရှောင်းကျန့် လည်း ထပ်ခါထပ်ခါ
ကြားနေရတဲ့စကားများကြောင့်
စိတ်တိုဖို့တောင်အားအင်မရှိတော့ဘဲ
ကျိုးချန် ကို ကျောပေးကာလှည့်အိပ်
လိုက်သည်။

"မင်း ဘာတွေပြောမှန်း ငါမသိဘူး
ရိပေါ်နဲ့ ပက်သတ်ပြီး တစ်ခွန်းမှ
လာမပြောနဲ့ငါအိပ်ပြီ မင်းလည်း
ပြန်ချင်ပြန် စောင့်ချင်စောင့်"

ကျိုးချန် မှာ သူ့အားစိတ်ဆိုးသွားပုံ
ရတဲ့ရှောင်းကျန့်ကြောင့် အခန်းပြင်
အသာလာထွက်ပြီး ကျိယန်ဆီသွား
တယ်။

"ဘယ်လိုလုပ်ကြမလဲ အခြေနေက
ပိုဆိုးနေပြီ ငါလေ သူ့ကို သနားလဲ
သနားသလိုစိတ်လည်းတိုတယ်"

"သူရဲ့ စိတ်ထဲမှာ တွေးနေတာတွေ
စိတ်ကူးနေတာတွေကို အရှိန်မရမီ
သတိထားဖို့လိုတယ် အဲ့ဒီ အတွေးထဲ
မှာ လွင့်နေတာကို အချိန်မှီသိလေလေ
ရပ်တန့်ဖို့လွယ်ကူလေပဲ"

"ဒါဆို သူတွေးနေတာကို ငါတို့က
ဘယ်လိုသိမှာလဲ "

"တုံးလိုက်တာ"

ကျိယန် စကားကို ကျိုးချန်ဒေါသ
ထွက်သွားသည်။

"မသိ​လို့မေးတာလေ ဆရာဝန်ပဲ
ပြောပြပေါ့"

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now