Extra...1⚠

4.1K 160 20
                                    

ရိပေါ်ဆွဲခေါ်ရာကို နောက်တစ်ကြိမ်
ပါလာရပြန်တဲ့ ရှောင်းကျန့် မှာမမော
နိုင်မပန်းနိုင်ဘဲ ပျော်ရွှင်နေတဲ့ကောင်
လေးရဲ့မျက်နှာကိုကြည့်ပြီး အလိုကျ
နေပေးရုံသာ တက်နိုင်တော့သည်။ တောင်ကုန်းငယ်လေးရှိရာကို
ရောက်တော့ သူ့လက်ကို မလွှတ်တမ်း
ဆုပ်ကိုင်ရင်း ကျန်လက်တစ်ဖက်ကမီးအိမ်ငယ်လေးကို ကိုင်ထားတဲ့ရိပေါ်
မှာ ရှောင်းကျန့် အတွက်တော့ သူ့ဘဝ
ကို ရှင်သန်စေတဲ့ အကြောင်းပြချက်
လေး ဖြစ်နေတာကြောင့် ပြုံးရင်းသာ ကြည့်မဝဖြစ်နေရသည်။
လမ်းတစ်လျှောက်တွင် ခဲလုံးသေး
သေးကအစ ဂရုတစိုက် ဖယ်ပေးနေ
တဲ့ ရိပေါ်ကို သူ့မှာချစ်လွန်းလို့ ဖော်ပြစကားလုံးတို့ပင်အစရှာမရ။
ထိုကောင်လေး ပြုမှုနေတဲ့ လုပ်ရပ်
တိုင်းကို ငေးကြည့်ရုံသာတက်နိုင်
တော့၏။

လိုရာခရီးရောက်တော့ ရိပေါ်ဟာ
ရှောင်းကျန့် ရဲ့ လက်လေးကို လွှတ်
လိုက်ပြီး ကိုယ်ကိုကိုင်းညွှန့်လျက်
လက်ကလေးဖြင့်' ကြွမြန်းစေ' ဟု
ဆိုကာ တရိုတသေ Tent ရှိရာကို
ညွန်ပြလေသည်။

သူ့နှလုံးအိမ်မှာ စံမြန်းနေတဲ့
ရှင်ဘုရင်ကိုဒီလောက်တော့ ဝပ်တွား
ရမှာပေါ့။

Tent အဝါရောင်လေးက အထဲမှာ
ထွန်းထားတဲ့ မီးအိမ်လေးကြောင့်
နက်စွေးနေတဲ့ပတ်ဝန်းကျင်မှာ သိပ်ကိုလှပလွန်းနေသည်။
Tent ရှိရာ မျက်စောင်းထိုးလေးမှာ
တော့ခပ်မြင့်မြင့် စားပွဲလေးနဲ့အတူ
ခုံတန်းလေးပါရှိနေပြန်တယ်။
ရိပေါ် ကတော့ ခပ်သွက်သွက်ပင်
tent ထဲရှိ ပစ္စည်းများကိုထုတ်နေလေ
သည် ။

ရှောင်းကျန့် ကတော့ ရိပေါ်လုပ်သမျှ
ကို မျက်တောင် မခတ်တမ်းလိုက်
ကြည့်နေသည်။ မနက်ကလည်း
တောအုပ်ငယ်လေးကို အလှဆုံး
ဖြစ်အောင်လုပ်ပြီး သူဟာကိုယ့်အပိုင်
ဖြစ်ကြောင်းသက်သေထူခဲ့တယ်။
အခုလည်း ဒီကောင်လေးဟာ မမော
နိုင်မပန်းနိုင်ကြိုးစားနေပြန်တယ်။

ရိပေါ်လက်ထဲက မီးခြစ်ကို ရှောင်း
ကျန့် လက်လွဲယူလိုက်တော့...

"ကျန့် မမွှေးတတ်ပါဘူး ပေးပေး "

"မင်း ပါးလေးကိုတော့ မွှေးတတ်တယ်"

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now