Part...2

10.4K 644 35
                                    

ရှောင်းကျန့် သူ့ရှေ့ပိတ်ရပ်လာ
သူကို ပိတ်ဟောက်လိုက် ပြီးနောက်
မျက်လုံးလေးလှန်ကြည့်လိုက်ချိန်
မနေ့ကညတွင်ကလပ်မှာတွေ့ခဲ့သည့် ကောင်လေးဖြစ်နေကြောင့် အံသြစွာ
ဖြင့် နှုတ်ခမ်းလေးပွင့်အာလို့
အာမေဋိတ်သံပြုလိုက်မိသည်။

"ဟမ်...ညက နတ်သား မင်းဒီကို "

"ကောကော ကို လာကြည့်တာလေ "

သူ့အမေးမဆုံးခင်ပြန်ဖြေလာသည့်
အပြင် ကိုကိုလို့ ပါခေါ်လာသဖြင့်
ရှောင်းကျန့်မှာ အလိုလိုနေရခက်သွား
ရသည်။

"ဘာ...ဘာ ကောကောလဲ"

မျက်စံတို့ကို အလိုလိုထောင့်ကပ်
မိရင်းပြောမိတော့ နဖူးပေါ်အတိကျ
နေသည့်ဆံပင်တစ်ချို့ကို ထိုးဖွလာ
ပြီး သူရှောင်တိန်းမိရာမျက်ဆံတို့ကို
နတ်သားလေးက အတင်းလိုက်
ကြည့်နေသည်။

"အဲ့လိုမလုပ်ပါနဲ့ ချစ်စရာကောင်း
လွန်းလို့ညက အတိုင်းလေးပဲနေ"

"သေလိုက် ငါ့ညီ...ညကငါမူးနေလို့ "

ဆံစတို့ကြားရောက်နေတဲ့လက်ကို
ပုတ်ထုတ်လိုက်ပြီး ညီ ဟု ခေါ်ပိတ်
ခေါ်ပစ်လိုက်တော့ ထိုကောင်လေးမှာ မျက်စောင်းခဲမိသူ သူ့ရဲ့ ပခုံးလေးကို
ကိုင်ကာကျောင်းလိုက်ပို့ပေးချင်
ကြောင်းပြောလာပြန်တယ်။

"လာပါ ကျွန်တော် ကိုကို့ ကို
ကျောင်းလိုက်ပို့ပေးမယ် "

ရှောင်းကျန့်ကတော့ သူ့ကိုကို့ ကို
ခေါ်နေတဲ့ ကောင်လေးရဲ့ နားရွက်
လေးကို လှမ်းဆွဲလိုက်သည်။

"မင်းက ဘာမို့လို့လဲ ဘာလို့
ကောလို့ ခေါ်တာလဲ ငါ့ထက်ငယ်
နေလို့လား "

"အင်း ကျွန်တော့်ထက်ကြီးတယ်
အဲ့လိုပဲမှတ်လိုက်"

နားရွက်ဆွဲထားသည်ကြောင့်
ကိုယ်လေးစောင်းလို့ ကြောင်ကြောင်
လေးကြည့်ကာ အချိုးမပြေစွာ
ပြောလာတဲ့ကောင်လေးကို နှာခေါင်း
ရှုံ့ရင်း အံကြိတ်ကာဆဲပစ်လိုက်တော့
ရယ်သံသဲ့သဲ့ကို ကြားနေရပြန်တယ်။
ဆွဲထားတဲ့နားရွက်လေးကို အသာလွှတ်ပေးလိုက်တော့ နဂိုအသားဖြူ
တဲ့ ကောင်လေးရဲ့နားရွက်လေးမှာ
သူ့ကြောင့် ရဲတွတ်သွားသဖြင့်
ရှောင်းကျန့် အကြည့်တို့လွှဲ
ပစ်လိုက်သည် ။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now