Part...42

2.3K 190 12
                                    

ရိပေါ် အသည်းယားလွန်းလို့သူ့နှုတ်
ခမ်းကိုသူ ဖိကိုက်ရင်း ဝမ်းနည်းလွယ်
တဲ့ ကျန့်ကိုပွေ့ဖက်လိုက်သည်။

"ကျွန်တော့် နှလုံးသားလေး ထုံကျင်
သွားအောင်အပ်စိုက်နေသလား ကျန့်
အဲ့ဒီအပ်လေးကလည်း ကျန့် အချစ်
တွေနဲ့ ပြုလိုက်ထားတဲ့မှော်အပ်လေး
ကျန့်စေခိုင်းရာ လုပ်ဆောင်နိုင်အောင်နေရာမှန်ကို စိုက်ထားလေသလား"

သူ့အပြောကြောင့် ရင်ခွင်ထဲက
ကျန့်မှာ အသာမော့ကြည့်လာပြီး
ဖြူစင်စွာပြုံးပြနေလိုက်တာများ
မနေ့ညကနှင့် လားလားမျှမဆိုင်ပေ။

ရှောင်းကျန့်ဟာ တကယ့်လူလည်
လေးပဲ။

ရှောင်းကျန့်၏မျက်နှာလေးကို လက်
နှစ်ဖက်နှင့် အုပ်ယူကာ နေမကောင်း
တာတောင် ရဲစိုနေစဲဖြစ်တဲ့ နှုတ်ခမ်း
လေးကို ထိကပ်မည်အလုပ် တံခါး
မခေါက်ဘဲ ဝင်လာသည့်ဝူချန်းကြောင့် အလုပ်မတွင်ခဲ့ မသိမသာ လူချင်းခွာ
လိုက်ရသည်။

ရိပေါ်က မကျေမချမ်းဖြင့် ထသွားပြီး
ဝူချန်းလက်ထဲမှ ဆန်ပြုတ်ပန်းကန်ကို
ယူလိုက်တယ်။
ပြီးနောက် ကျန့်ရှိရာ ကုတင်ဘေးတွင် တင်ပါး လွှဲ ထိုင်ရင်း ဆန်ပြုတ်ခွံရန်
ပြင်တယ်။

"နောက်ဆို တံခါးခေါက်ပါ "

ကျန့်ရဲ့ပြောစကားကြောင့် ဆန်ပြုတ်
ပူပူကိုမှုတ်ရင်း ရိပေါ် ခိုးပြုံးလိုက်သည်။

"တောင်းပန်ပါတယ် boss ဒီနေ့..."

ဆက်ပြောမည့်စကားမှာ လေပေါ်
မြောက်ပြလာတဲ့ ရှောင်းကျန့် ရဲ့ လက်ကြောင့်ရပ်တန့်သွားသည်။

"အရေးကြီးတာသိတယ် ဒါကြောင့်
သွားရအောင် အောက်ထပ်မှာစောင့်နေ ကားကို ဒီနေ့ မင်းမောင်းပေး"

နေမကောင်းတာတောင် မငြင်းဘူးဆိုတော့ တကယ် မရေးကြီးနေပုံရတာကြောင့် ရိပေါ် မတားဖြစ်။ သို့​သော် ဆန်ပြုတ်လေးတော့ ဝင်အောင်ကျွေး
ချင်သေးသည်။

"ကျန့် ဒါလေးတော့စားပါနော်
အချိန်ရှိပါသေးတယ်"

ဝူချန်းထွက်သွားတော့ ထရန်ပြင်နေ
သည့် သူ့ကို ဆန်ပြုတ်တိုက်ချင်နေတဲ့
ရိပေါ်ကြောင့် ကုတင်ပေါ် ပြန်ထိုင်လိုက်
ပြီး သူ့ baby လေးအလိုကျ ခွံသမျှ
ကို စားပေးရပြန်သည်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now