Part...51

2.5K 210 11
                                    

လေးလံနေတဲ့မျက်ခွံတွေကို အားယူ
ပြီးဖွင့်ကြည့်လိုက်တော့ အရင်နေ့
ရက်များက အတိုင်း ဆေးပိုက်တန်း
လန်းဖြင့်သာ အခန်းထဲသို့ရောက်နေ
လေသည်။ သူ့လက်ထဲက ဓားကို
ဟိုက်ခွမ်းလုလိုက်တဲ့အထိ အဖြစ်
အပျက်များအားလုံးကိုမှတ်မိလာ
သည်။ အရင်နေ့တွေလိုဆေးပိုက်ကို
ဆွဲဖြုတ်ပြီး အခန်းပြင်ကိုတော့
ရှောင်းကျန့် ပြေးမထွက်ဖြစ်။
မထွက်ချင်တာထက် ထွက်ဖို့ကို
အင်အားတို့ရှိမနေခြင်းသာဖြစ်တယ်။

သူ့အမြင်တို့မှာ ဝေဝေဝါးဝါးလေးသာ
ထင်ပေါ်နေတဲ့ ဦးထုပ်အနီနဲ့ ကောင်
လေးကြောင့် ပြုံးလိုက်မိတယ်။
ရုတ်တရက်သာမြင်လိုက်ရ သော်
လည်းသိသာစွာချောင်ကျနေတဲ့
ထိုကောင်လေးရဲ့မျက်နှာကြောင့်
သူ့အပြုံးတို့မှာ ခဏအတွင်းမှေးမှိန်
သွားတော့သည်။ ဝေးကွာသွားရတဲ့
နေ့ရက်တွေမှာ ရိပေါ်ကလည်းသူ့နည်း
တူ အလွမ်းရဲ့ဒဏ်တွေကိုခံစားနေရ
ခြင်းကြောင့် ဖြစ်လိမ့် ဟု တွေးလိုက်
မိ၏ ။
အခန်းထဲဝင်လာတဲ့ ကျိယန်ကြောင့်
ရှောင်းကျန့် မျက်လုံးတို့ကို ပိတ်ချပြီး
အိပ်ပျော်နေဟန်ဆောင်လိုက်တယ်။
ဟန်ဆောင်နေသော်ငြားလည်း မျက်
လုံးထောင့်မှာ စီးကျနေတဲ့မျက်ရည်
တစ်ချို့ကို ကျိယန်မှာခပ်ဖွဖွသုတ်
ပေးသွားလေသည်။ တံခါးပိတ်သံ
ကြားတော့မှာ ရှောင်းကျန့် မျက်လုံး
များပွင့်လာပြီး ခပ်လှမ်းလှမ်းက
စားပွဲပေါ်မှ မြင်နေရတဲ့ သူနဲ့ရိပေါ်ရဲ့
ဓာတ်ပုံလေးကို လှမ်းကြည့်နေမိသည်။

ဆူးခင်းလမ်းကို လျှောက်ခိုင်းမလား
လျှောက်ပေးမယ်။ မင်းမရှိဘဲနဲ့တော့
ခြေတစ်လှမ်းတောင် မရွေ့ခိုင်းပါနဲ့
နာကျင်ရလွန်းလို့ပါ။
အသက်မရှုဘဲနေခိုင်းမလား နေပေး
မယ် မင်းမရှိဘဲအသက်ရှင်ဖို့ မပြော
ပါနဲ့။ အသက်ရှုရတာတောင်နာကျင်
လွန်းပါတယ်။ မီးအပြည့်နဲ့ မီးတောင်
မှာအိပ်ခိုင်းမလားအိပ်ပေးမယ်။
မင်းမရှိဘဲနဲ့တော့ အိပ်စက်ဖို့ မပြော
ပါနဲ့ လှဲနေရတာတောင် နာကျင်လွန်း
ပါတယ်။ မင်းမရှိတဲ့ငါ့ဘဝက
နာကျင်စရာတွေနဲ့ပြည့်နှက်နေပြီ
နာကျင်ပြီးရင် နာကျင်နေရလို့ ငါ့မှာ
အော်ညည်းဖို့ တောင်အားမရှိတော့ဘူး။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now