Part...9

3.2K 311 21
                                    

ရိပေါ်တို့ထွက်သွားတာကြာနေပြီ
ဖြစ်သော်လည်း အဆက်သွယ်ပါ
ပျက်သွားလေသည်။ ရှောင်စန်းပိုင် ကတော့ သူ့သားလေးကလည်း
ရိပေါ်လေးအား ချစ်လှပါချည်ရဲ့
ဆိုပြီး နည်းနည်းမှ မမေးသောကြောင့်
အထူးအဆန်းဖြစ်ရပြန်သည်။

"သား ညီလေး ကို မလွမ်းဘူးလား "

"ဘာလို့လဲ "

"အမ်...ဒီလိုပါ..သားက ညီလေးအကြောင်းဘာမှမမေးတော့ ပါးက
သတိမရဘူးထင်လို့"

ရှောင်းကျန့် က လက်ထဲမှကြိုးကြာပုံ
စက္ကူ ရုပ်လေးကို ဘောင်းဘီ အိတ်
ကပ်ထဲသို့ထည့်ရင်းမှ သူ့ပါး အား မော့ကြည့်လာသည်။

"သတိမရပါဘူး ဘာလို့ရ ရမှာလဲ
အနီးမှာရှိတဲ့လူကို သတိရစရာလား
ပါးရဲ့ အခုတောင်သူနဲ့ သွားဆော့မလို့ "

ကြားလိုက်ရတဲ့စကားကြောင့်
ရှောင်ပါး ကထွက်သွားဖို့ ပြင်နေတဲ့
သူ့သား၏ လက်ကို လှမ်းဆွဲလိုက်
တယ်။

"ရိပေါ်တို့က ပြန်ရောက်နေလို့လား"

"ဟုတ်တယ်လေ ပါးရဲ့ သူ သွားပြီး
နောက်တစ်ပတ်ကြာတော့ ပြန်ရောက်
လာတယ်လေ"

"ဘာ!"

အံ့သြတကြီး ဖြစ်နေတဲ့ သူ့ပါးကို
ကြောင်တောင်တောင်လေး ကြည့်ကာ ရှောင်းကျန့်မှာ ဆော့ဖို့ထွက်သွားလေသည်။

အဲ့ဒီအချိန်တွေနောက်ပိုင်း ရှောင်း
ကျန့်လေးက ရိပေါ်နဲ့ အတူဆော့
တယ်။သွားတယ် လာတယ်လို့
သူ့ပါးစပ်က ပြောနေပေမဲ့ တကယ်
တမ်းတော့ ထိုကလေးလေးဟာ
ရှိလဲရှိမနေခဲ့သလို ပြန်လဲမလာခဲ့ပေ။

ရှောင်ပါး မှာ သူ့သားလေး၏အခြေ
အနေကြောင့် ဆရာဝန် နဲ့တိုင်ပင်ဆွေး
နွေးရတော့သည်။

"သခင်ကြီး ဆရာဝန်က ဘာပြောလဲဟင်..."

စိုးရိမ်တကြီးမေးလာတဲ့အိမ်တော်
ထိန်း လုံဖေ့ကြောင့် ရှောင်စန်းပိုင်
သက်ပြင်းရှည်တစ်ခုချရင်း ဆိုဖာ
ပေါ်အရုပ်ကြိုးပျက်ထိုင်ချသည်.

"အသက်ရွယ်နဲ့မမျှအောင် ဖိစီးမှု
ပမာဏကိုခံနိုင်တဲ့ အတိုင်းတာ
ကျော်လွန်သွားတဲ့ အခါ ပြင်ပ ဖိစီး
အား များပြားစွာ ခံရတဲ့ လူတွေမှာ
ပထမ အဆင့် စိတ်ကစဥ့်ကလျား
ဖြစ်မယ်။ ဒုတိယ အဆင့် တစ်စုံ
တစ်ခုကို မှီခိုအားထားခြင်းမပြုရ
မနေနိုင်အောင် စွဲလမ်းလာမယ်။
နောက်ဆုံး ဆိုက်ကိုပါ ဖြစ်သွားတတ်
တယ်။ သူရဲ့ အခြေနေက ပထမ
အဆင့်ကို ကျော်လွန်သွားပြီး
ခံစားချက်ကို မျိုသိပ်ပါ များလာတော့
ဒုတိယ အဆင့် ဖြစ်သွားတယ်။
သူခံစားနေရတာကို ဘယ်သူမှကို
မပြောဘူး။ သူနဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ ကလေးကလည်းမရှိတော့ဘူး။
သူကမှီခိုအားထားချင်နေတာ"

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now