Part...27

2.5K 221 16
                                    

ရှောင်းကျန့် ဖုန်းကိုင်လိုက်တော့
တစ်ဖက်မှ ရိပေါ်နာမည်အား ပိုင်ဆိုး
ပိုင်နှယ် နှင့် ချွဲနွဲ့ကာခေါ်နေသော မိန်းကလေး...

"ရိပေါ် မနိုးသေးဘူးလားကွာ
ကျောင်းသွားရမယ်လေလို့ညက
အရှိန်ကြောင့် ခေါင်းကိုက်နေသေးလား "

တောက်ခတ်လိုက်တဲ့ ရှောင်းကျန့်၏
အသံကြောင့် ယွဲ့ရင် မှာ တုန်တက်
သွားကာ ဖုန်းကို နားအနားမှ ခွာလိုက်
ရသည်။ ဖုန်းနံပါတ်ကိုပြန်ကြည့်
တော့လည်း သူယူလာတဲ့ ရိပေါ်
နံပါတ်ပါအခုကိုင်နေတာ ဘယ်သူကြီး
လား။

"ရိပေါ်ကို နိုးဖို့ငါရှိတယ် ကျောင်း
ကိစ္စကိုစိတ်ပူမယ့် ငါရှိတယ်
အမူးပြေအောင် ဂရုစိုက်ပေးမယ်ဘ
ငါရှိတယ် ဒီတော့ အလကား သူများ
အိမ်ကျက်သရေယုတ်အောင်
မိုးမလင်းသေးဘူးဖုန်းမဆက်နဲ့"

ဟောက်ချင်ရာဟောက်ပြီး တီခနဲ
ဖုန်းချသွားတဲ့ ရှောင်းကျန့် ကြောင့်
ယွဲ့ရင်လည်းဟက်ခနဲရယ်ချမိသည်။

ရှောင်းကျန့် ကတော့တစ်ဖက်ကလူ
ကိုသာပိတ်ပြောလိုက်သော်လည်း
ဝဲတက်လာတဲ့ မျက်ရည်စတွေကို
သိမ်းလိုက်ပြီး အိပ်မောကျနေတဲ့
ကောင်လေးကို ကြည့်လိုက်တယ်။

"ငါမှာတော့ တစ်ညလုံးမင်းကိုစိတ်ပူ
နေလိုက်ရတာ မင်းကတော့တစ်ခြား
တစ်ယောက်နဲ့ ပက်သတ်လာရက်
တယ်ပေါ့"

သူအတွေးကိုသူချက်ခြင်းခေါင်းခါ
ကာ ရှင်းထုတ်လိုက်ပြီး ငြင်းဆန်
လိုက်တယ် ။

"မဟုတ်ဘူး မဟုတ်ဘူး ပက်သတ်
လာရက်တာ မဟုတ်ဘူး မင်းက
အဖြူထည်လေးလေ။ မင်းကဘာသိ
မှာလဲ အဲ့တာ လောကကြီးရဲ့အမှား
သူကသာ မင်းကိုအရောင်ဆိုးချင်
နေတာ"

မျက်မှောင်ကျုံကာ နားထင်ကို ဖိနှိပ်
ပြီး အိပ်ယာမှထလာတဲ့ ကောင်လေး
က ဘာလို့ ဒီလောက်တောင် ဖြူစင်
ပြီးထိရက်စရာမရှိရတာလဲ။
နှုတ်ခမ်းလေးကိုလည်းဆူထားသေး
တယ် သောက်တုန်းကသောက်လာပြီးခေါင်းကိုက်လို့ ရှုံမဲ့နေလိုက်တာများ။

ရှောင်းကျန့် မှာ ရိပေါ်ရဲ့ပုံစံလေး
ကြောင့်သဘောကျစွာ ရယ်လိုက်ပြီး မျက်မှောင်ကျုံထားသဖြင့် မျက်ခုံး
တန်းတို့ကို လက်ချောင်းလေးတွေနဲ့
ဖြေလျော့ပေးလိုက်တော့မျက်လုံး
ဖွင့်ကြည့်လာတယ်။

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now