Part...13

3.2K 292 14
                                    

ရှောင်းကျန့် မှာ ရိပေါ်ရဲ့ရင်ခွင်ထဲသို့
တိုးဝင်ရင်း ရင်ဘတ်အားလက်သီး
ဆုပ်လေးဖြင့်ခပ်ဖွဖွ ထုရိုက်ပစ်သည်။

"အရူးလေး တော်တော် နိုးရခက်
တယ် ရိပေါ် အိပ်နေတော့ ကိုကို
တစ်ယောက်တည်း"

ထိုစဉ်အနောက်မှ လုံဖေ့ ရောက်လာ
ပြီး ရှောင်းကျန့် အား ထီးမိုးပေး
သည်။

"သားရယ် မိုးတွေရွာနေတာကို "

"ရိပေါ် ရိပေါ် မပြေးနဲ့လေ ပြုတ်ကျ
မယ်လို့ "

ရှောင်းကျန့် ကုန်းထရင်း အော်ပြောသံကြောင့်.လုံဖေ့ ကြည့်လိုက်သော်
လည်း ပတ်ဝန်းကျင်တွင် လူမပြော
နှင့် ခွေးတစ်ကောင် ကြောင်တမြှီး
တောင် မရှိခဲ့ပေ။

"မားက ဘာလို့လာတာလဲ ဟိုမှာ
ကြောက်ပြီးပြေးသွားပြီ...ရိပေါ်
ရိပေါ်"

အော်ရင်း သူကိုယ်တိုင်ပါ ပြေးလိုက်
ဖို့ ပြင်လိုက်တဲ့ခြေလှမ်းနဲ့ အတူ
ခွေလျက် လဲကျသွားတဲ့ ရှောင်းကျန့် ကြောင့်လုံဖေ့ စိုးရိမ်တကြီး ဖြစ်သွား
ကာ ကျိဟန်တို့အား လှမ်းခေါ်လိုက်
သည်။

"သားတို့ရေ လာကြပါအုံး ကျန့်ကျန့်
လေးသတိမေ့သွားလို့"

ခေါ်သံကြောင့် ကျိယန်တို့လည်း
ရှောင်းကျန့်ရှိရာသို့ပြေးလာကြ၏။

"ဆေးရုံ ခေါ်သွားကြရအောင်"

.
.

ကုတင်ပေါ်တွင် အပြစ်ကင်းစွာ လှဲလျောင်းနေသည့် ကောင်လေးကို
ကြည့်ရင်း သူနဲ့သက်ဆိုင်သူများက ကြေကွဲစွာ အသံမထွက်နိုင်ဘဲ ရှိုက်
ငိုနေကြ သော်လည်း ထိုကောင်လေး
ကတော့ အိမ်မက်ထဲမှာ အထိ သူ့ရဲ့
ချစ်ရသူလောကတွင် သက်ရှိထင်ရှား
မရှိတော့ဘူးဟုဆိုနေကြသည့် လူသားလေးအား လိုက်ရှာနေလေသည်။

"ရိပေါ်...ကိုကို့ရဲ့ကောင်လေးရေ
ဘယ်မှာလဲ​ ဘယ်သူမှမရှိတော့ဘူး
လေ ထွက်လာပါနော် ဘယ်နားမှာလဲ
အသံလေးပဲပြုပေးပါ ကိုကို လာခေါ်
မယ်။ ကောကိုသနားရင်ထွက်လာ
ခဲ့ပါနော်။ ရိပေါ်မရှိရင် ကောဘယ်လိုအသက်ရှင်ရမလဲ။ ရိပေါ်က ကိုကိုရဲ့
ခရီးပဲ။ ရိပေါ်မရှိဘဲ ဘယ်ကိုသွားရ
မှာလဲ ရိပေါ်က ကိုကို့​​အတွက် ဘယ်လောက်အရေးကြီးလဲဆိုရင်
လေမရှိဘဲ အသက်ရှုလို့မရသလိုမျိုး
ရိပေါ်ကို ဘယ်လောက်လိုအပ်လဲ
ဆိုရင် ခြေထောက်က မြေကြီးကို
လိုအပ်သလိုမျိုး အဲ့လောက်ပြောနေ
တာတောင် ကိုကို့​​စကားကို ဂရုမစိုက်
ဘူးလား နားမထောင်ဘူးလား
လူမဟုတ်ရင်တောင် အသံလေးပြု
ပေးပါ။ အသံလေး ပါပဲ "

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now