Part...21

3.2K 270 15
                                    

' ငါကြိုက်တယ် 'ဟု ပြောကာထွက်
သွားတဲ့ ရိပေါ်ရဲ့ ကျောပြင်ကို ကြည့်
ရင်း ယွီပင်းခေါင်းကုတ်မိသည်။

"ဘာလဲဟ ချစ်တယ်လည်းမဟုတ်"

သူ့စကားကိုသူရပ်လိုက်ပြီး ပါးစပ်ကို
လက်ဖြင့် အသာဖိပိတ်လိုက်ရသည်။

ပြောလို့မဖြစ်ပေ။ ရိပေါ်နဲ့ခင်လာ
တာ အလယ်တန်းလောက်ကတည်းဖြစ်သည်။ ရှောင်းကျန့် ဆိုသည့်
ရိပေါ် ရှုစားနေကြလူကြီးသည် သူ့
အား မိဘတွေမရှိတော့သည့်အချိန်မှ
စ၍ ပြုစုစောင့်ရှောက်ပေးခဲ့သည့်
ကျေးဇူးရှင်ဖြစ်ကြောင်း ရိပေါ် က
ပြောပြထားသည် ။ သူနဲ့ အသက်
တစ်ပြန်ကွာသည့် over 30 ဘဲကြီးက
36 နှစ် ဟုသိရသော်လည်း လူငယ်ရှုံးလောက်အောင် မိမိုက်လွန်းသည့်
ရှောင်သူဌေး ပင်ဖြစ်သည်။
ရိပေါ်ကို သူ့လူကြီး ကျောင်းလာပို့
ချိန်သည်ကျောင်းသူများ အတွက်
မျက်စိပဒေသအဖြစ်ရဆုံးအချိန်ပင်
ဖြစ်၏။ ကြည့်လိုက်ကြတာဆိုတာ
တစ်ချို့သော ယောက်ျားလေးများပါ
အစစ်ပါလိုက်သေးသည်။

ယွီပင်းသူ့အတွေးနှင့် ရိပေါ်နောက်မှ
တစ်ဖြေးဖြေး လျှောက်လာရင်း
သူတို့​​​ရဲ့ဆရာ စန့်ကျင်မှ သူ့ပခုံးကို
ပုတ်လာသည်။

"အတန်းထဲ မဝင်သေးဘူးလား "

သူလည်း သွားဖြဲပြရင်းသာ ရိပေါ်
အနောက်ပြေးလိုက်သွားသည်။

အရှေ့မှ စာသင်နေတဲ့ဆရာကိုကြည့်
ရင်း ရိပေါ် စာအုပ်တွင် စာရေးပြီး ယ
သူ့အားပြလာတယ်။တီးတိုးမပြောဘဲ
စာနဲ့ရေးပြခြင်းက ထိုအတန်းပိုင်
ဆရာသည် သူ့လူကြီး၏အသိဖြစ်
နေတာကြောင့် ပြန်တိုင်မှာစိုး၍
ဖြစ်သည်။

ရိပေါ်ရေးပြတဲ့ စာကို ဖတ်ကြည့်
ယွီပင်းလိုက်တယ်။

"ဆရာက ငါ့ထက် ကျန့်အကြောင်းကို
ပိုသိမှာပေါ့နော်"

"သိမှာပေါ့ကွာ ဆရာရဲ့ချစ်သူက
မင်းကျန့်ရဲ့ငယ်သူငယ်ချင်းကြီးဆို
သူပြောပြမှာပေါ့ကွ"

ယွီပင်း ပြန်ရေးပြတာ ဖတ်ပြီး ရိပေါ်
ပြုံးကာ ရေးလိုက်သည်က...

"မင်းကျန့် တဲ့လား "

ယွီပင်းလည်း စာအုပ်ကိုဆွဲလုပြီး

𝖡𝖾𝗁𝗂𝗇𝖽 𝖳𝗁𝖾 𝖫𝗈𝗏𝖾.....❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now